နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးဂိမ်းကာလ ဆန္ဒပြပွဲများ ရှောင်ရှားရန် ကမ္ဘောဒီးယား ဝန်ကြီးချုပ် သတိပေး

ကမ်ဘာရာ မေ  ၁၅

ကမ္ဘောဒီးယားနိုင်ငံ၌ ၃၂ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နေချိန် ဆန္ဒပြပွဲများကို ရှောင်ရှားကြရန် ဝန်ကြီးချုပ်ဟွန်ဆန်က မေ ၁၄ ရက်တွင် တိုက်တွန်းပြောဆိုသည်။

မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပ နေသည့် ဆီးဂိမ်း အားကစားပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမားများ၊ နည်းပြများ၊ ခုံသမာဓိလူကြီးများနှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၀,၈၉၀ ဦး ပါဝင်၍ ကျင်းပ လျက်ရှိသည်။

ထို့ကြောင့် နိုင်ငံတော်၏ လုံခြုံရေး၊ လူထုစည်းလုံးညီညွတ်ရေးနှင့် ဂုဏ် သိက္ခာကို ဖျက်ဆီးရန် ကြိုးပမ်းမှုမှန် သမျှကို ခွင့်လွှတ်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

လာမည့်ဇူလိုင်လတွင် ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတဝန်း  ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်လိုပါက ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း ယခု ဆီးဂိမ်းကာလတွင် မပြုလုပ်ရန် သတိ ပေးခြင်း ဖြစ်ကြောင်း သိရသည်။

(ref:XinhuaNet)






အခြားဆက်စပ်သတင်းများ