နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးဂိုးသမား လိုရစ်ကို ဆော်ဒီကလပ်အသင်း တစ်သင်းက ကမ်းလှမ်းမှုပြုလုပ်

မေ  ၁၅

စပါးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် ဂိုးသမား လိုရစ်ကို ဆော်ဒီကလပ်အသင်းတစ် သင်းက လာမည့်နွေရာသီအပြောင်း အရွှေ့ကာလတွင် မြင့်မားသည့်လုပ်ခ လစာဖြင့်ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ဂိုးသမားလိုရစ်သည် လက်ရှိစပါး အသင်းတွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၁၀၀,၀၀၀ ရရှိနေသော် လည်း ဆော်ဒီကလပ် အသင်းတစ်သင်း က ယခုလုပ်ခလစာထက်သုံးဆတိုး မြှင့်ကာကမ်းလှမ်းထားပြီး ကစား သမားအနေဖြင့်လည်း ပုံစံကောင်း ပျောက်ဆုံးနေသဖြင့် စပါးအသင်းနှင့် အနာဂတ်မသေချာတော့ဘဲ ထွက်ခွာ ရန်နီးစပ်နေခြင်း ဖြစ်သည်။

လိုရစ်သည် စပါးအသင်းနှင့် ၁၁ နှစ်ကျော် လက်တွဲခဲ့ရာတွင် ပြိုင်ပွဲစုံ ၄၄၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည် နိုင်ခဲ့သော်လည်း ယခုရာသီတွင် ပုံမှန် လက်စွမ်းအောက် ကျဆင်းခဲ့သဖြင့် အသင်းတာဝန်ရှိသူများက လာမည့် အပြောင်းအရွှေ့တွင် ပထမဦးစားပေး ဂိုးသမားတစ်ဦး ထပ်မံခေါ်ယူရန်ပြင် ဆင်လျက်ရှိနေပြီး စပါးအသင်းနှင့် လိုရစ်တို့၏ အနာဂတ်မှာ အဆုံးသတ် ရန် သေချာလျက်ရှိသည်။

သူရိန်






အခြားဆက်စပ်သတင်းများ