ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ တွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံးဖြစ် ပွားသေဆုံးမှုများမှာ အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ဖြစ်ပွားသေဆုံးမှုနှုန်းအများဆုံးတွင် ပါဝင်နေသည်။
မြန်မာနိုင်ငံ လူဦးရေတစ်ဝက်ကျော်သည် ကူးစက်မှုအန္တရာယ် ရှိသည့် ဒေသများတွင် နေထိုင်ကြပြီး ငှက်ဖျားဖြစ်ပွားသူ သုံးသိန်း နီးပါးရှိသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရ သည်။ မြန်မာနိုင်ငံအမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးအနေ ဖြင့် ၂၀၁၅ ခုနှစ်တွင် ထောင်စုနှစ် ရည်မှန်းချက်ဖြစ်သော ငှက်ဖျား ရောဂါဖြစ်ပွားသေဆုံးနှုန်းထက်ဝက်လျှော့ချရေး ရည်မှန်းချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ငံခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံလူမှုရေးအဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ငှက်ဖျား ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အလေ့အကျင့်ကောင်း၊ ရလဒ်ကောင်း များကို ဆက်လက်ထိန်းသိမ်းရန်နှင့် ငှက်ဖျားရောဂါဖြစ်ပွားသူများ သေဆုံးမှုမရှိစေရေးအတွက် ပိုမိုရင်းနှီးမြှုပ်နှံသွားရန် လိုအပ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ခြင်ကြောင့်ဖြစ်ပွားသော ရောဂါ များဖြစ်ပွားမှု ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးစီမံချက်များ ချမှတ်ကာ အချိန်နှင့်တစ်ပြေး ညီ ဆောင်ရွက်လျက်ရှိသည်။
သွေးလွန်တုပ်ကွေးကာကွယ်ရေးတွင် ခြင်နှိမ်နင်းရေးသည် အဓိကဖြစ်သည့်အလျောက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်ကြရန် လိုအပ်သည်။ ခြင်များခိုအောင်းနေနိုင်သည့် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ခြင်း, အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သန့်ရှင်းမှုများ ပြုလုပ်ဆောင်ရွက်ရန်အရေးကြီး သည်။
သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်းနည်းစေရန် ကာကွယ်ရေးနှင့် ကုသရေးအစီအမံများကို လိုက်နာဆောင်ရွက်သင့်သည်။ ခြင် ကြောင့် ဖြစ်ပွားသောရောဂါများ မဖြစ်ပွားစေရန်အတွက် သက်ဆိုင် ရာဝန်ကြီးဌာနများ၊ ပြည်တွင်း ပြည်ပလူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ အပါအဝင် ပူးပေါင်းဆောင်ရွက်စေချင် ကြောင်း။ ။