နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား ရှင်းလင်းဆောင်ရွက်

ရန်ကုန် မေ ၁၅
ဗဟန်းမြို့နယ်အတွင်း မေ ၁၃ ရက်တွင် မိုးသည်းထန်စွာရွာသွန်း ပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ဗဟန်းမြို့နယ်၊ဓမ္မစေတီလမ်း၊ အ.ထ.က ၁ ကျောင်းရှေ့ရှိ ပန်းမယ်ဇလီပင်အကိုင်းလဲကျပြီး လမ်း  ပိတ်ဆို့နေမှုများ၊ ရိပ်သာလမ်းတွင် ပိ‌တောက်ကိုင်းကျိုးကျခြင်း လမ်းပိတ်ဆို့နေမှုအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပန်း ဥယျာဉ်အဖွဲ့၊ မြို့နယ်သန့်ရှင်းရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အဖွဲ့၊ ရပ် ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်း၍ ပျက်စီးမှုများအား ပြင်ဆင်ဆောင်ရွက်ပေးခဲ့ကြပြီး လေပြင်းတိုက် ခိုက်မှုကြောင့် အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းခြင်းများ  ဆောင်ရွက်ကြစဉ်။                                         
အောင်မြင့် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ