နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနောက်တောင်မုတ်သုံလေဝင်ရောက်မည်

ရန်ကုန်   မေ   ၁၅

(၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက် မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်ချက်)

ယနေ့နံနက် ၉ နာရီခွဲအချိန်ထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ နေ့အပူချိန် များမှာတနင်္သာရီတိုင်းဒေသကြီးတွင် မေလ၏ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မေလ၏  ပျမ်းမျှအပူချိန်တို့အောက်  ၃ ဒီဂရီ စင်တီဂရိတ်မှ ၄ ဒီဂရီစင်တီ ဂရိတ်အထိ၊ နေပြည်တော်၊ရှမ်းပြည် နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက်  ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီ ဂရိတ်အထိနှင့်စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့အောက် ၇ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ကော့ကရိတ်မြို့နှင့် မြိတ်မြို့တို့တွင် ၃၇ ဒီဂရီစင်တီဂရိတ်စီနှင့် ကော့သောင်းမြို့တွင် ၃၆ ဒီဂရီစင်တီဂရိတ် တို့ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ကနီမြို့တွင် ၁၁ ဒသမ ၁၈ လက်မ၊ မင်းကင်းမြို့တွင် ၆ ဒသမ ၃၈ လက်မ၊ ရေဦးမြို့တွင် ၆ ဒသမ ၁၄ လက်မ၊ စစ်တွေမြို့တွင်  ၅ ဒသမ ၇၀ လက်မ၊ ချောက်မြို့တွင် ၅ ဒသမ ၆၇ လက်မ၊ ညောင်ဦးမြို့နှင့်  ဂန့်ဂေါမြို့တို့တွင် ၅ ဒသမ ၀၈ လက်မစီ၊ တကောင်းမြို့တွင် ၅ ဒသမ  ၀၅လက်မ၊ မိုးကုတ်မြို့တွင် ၄ ဒသမ ၇၂ လက်မ၊ ကန့်ဘလူမြို့တွင် ၄ ဒသမ  ၅၃ လက်မ၊ ဟားခါးမြို့နှင့် ကလေးဝမြို့တို့တွင် ၄ ဒသမ  ၂၉ လက်မနှင့် မော်လိုက်မြို့တွင် ၄ ဒသမ ၁၇ လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၂ နာရီခွဲတိုင်းထွာချက်များအရ တရုတ်-မြန်မာနယ်စပ်သို့ ရောက်ရှိခဲ့သောမုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ယွန်းယွန်း သို့ ဆက်လက်ရွေ့လျားခဲ့ပြီး၊ တရုတ်နိုင်ငံအတွင်း လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့သွားခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင် နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယား ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ် တောင်များဖြစ်ထွန်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျား ရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက် ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်  ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျ စဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် မိုင် ၄၀ ခန့်တိုက်ခတ် နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါ သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ် နာရီလျှင် ၃၅ မိုင်ခန့် တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၈ ပေမှ ပေ ၁၀ ခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၇ ပေမှ ၈ ပေခန့်ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက် နိုင်ပါသည်။

မိုး/ဇလ






အခြားဆက်စပ်သတင်းများ