နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မွန်မြတ်သည့်စိတ်ထားဖြင့် စွမ်းဆောင်

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်း ရောက်ရှိပြီဖြစ်သည်။ နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းသည့် နှစ်သစ်ကူးကာလတွင် နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြောသန့်စင်ကာ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ အလုပ်အကိုင်အသစ်များဖြင့် ဆက်လက်တည်ဆောက်ကြ ရမည် ဖြစ်သည်။

လူတို့၏ အတွင်းအဇ္ဇျတ္တသဘောမှာ မကောင်းမှုတွင် ပျော်မွေ့ တတ်သည့် သဘောရှိသည်။ အပျော်ကြူး၍ စိတ်အလိုလိုက်မှုများ နှင့် စည်းကမ်းလိုက်နာမှု အားနည်းမှုများရှိခဲ့သည်။ နှစ်သစ်ကို မျှော်လင့်ချက်အသစ်တို့ဖြင့် ကြိုဆိုကြသည်မှာ အေးချမ်းသာယာမှု ကို လိုလားသည့်နိုင်ငံသူနိုင်ငံသားတို့၏ ဆန္ဒအမှန်ပင်ဖြစ်သည်။

လောကတစ်ခွင် ထာဝရငြိမ်းချမ်းသာယာစေချင်သည်မှာ လူတိုင်း၏ အလိုဆန္ဒဖြစ်သည်။ အကျည်းတန်အရုပ်ဆိုးသည့် ပတ်ဝန်းကျင်၊ မနှစ်မြို့ဖွယ်ရာ ရပ်ဝန်းတို့ကို မည်သူမျှအလိုရှိမည် မဟုတ်ချေ။ အားလုံးမှာ အေးချမ်းစွာ နေထိုင်ချင်သဖြင့် မကောင်းမှု ကို တွန်းပို့တတ်သည့်အရာ မှန်သမျှကို သတိပြုကြရမည်ဖြစ်သည်။

မိမိတို့ ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် အတိတ်ကာလတစ်လျှောက် တွင် ဖျက်စီးမှုအမျိုးမျိုးတို့ကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ကြရသည်။ ဘေးပယောဂတွန်းအားပေးမှုကြောင့် မဖြစ်သင့်မဖြစ်ထိုက်သည် တို့ကို မဖြစ်ပွားအောင် ဆင်ခြင်ကြရမည်ဖြစ်သည်။

မြန်မာလူ့အဖွဲ့အစည်းသည် အခက်အခဲအကျပ်အတည်းများ နှင့် ရုန်းကန်လှုပ်ရှားနေရသည့် အဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကုန်ထည့်ကြိုးပမ်းနေရသည့် လူအဖွဲ့အစည်းဖြစ် သည်။ 

ယနေ့အခြေအနေတွင် အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF တို့က အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာ နေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက် အကျပ်ကိုင်ခြင်းတို့ကိုပြုလုပ်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် ရယူရန် ကြိုးပမ်း လုပ်ဆောင်လျက်ရှိနေဆဲပင် ဖြစ်သည်။

"ဒီမိုကရေစီစနစ်ကို ဖော်‌ဆောင်ရာမှာ တိုင်းပြည်ငြိမ်းချမ်းမှုရရှိ ရေးဟာ မဖြစ်မနေလိုအပ်ပါတယ်။ အကြမ်းဖက်မှုဖြစ်စဉ် တွေ့ရှိနေ တဲ့ တိုင်းပြည်တွေဟာ တိုးတက်မှုနှောင့်နှေးစေမှာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်ထောင်စုအကျိုးကိုကြည့်ပြီး သမာသမတ်ရှိစွာ၊ ရိုးသားမှုရှိစွာ၊ ညှိနှိုင်းဆောင်ရွက် ကြိုးပမ်းအားထုတ်မယ်ဆိုရင်" ရှေ့သို့ချီမည် ပန်းတိုင်ဆီ" Keep Moving forward to Achieve Our Goal ဆိုတဲ့အတိုင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟာ မလွဲမသွေ ဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်"ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်သစ်မင်္ဂလာကူးအခါသမယတွင် ပြောကြားသည့် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြား ခဲ့သည်။

ရခဲလှသော လူ့ဘဝတွင် အကျိုးမဲ့သော အလုပ်များကို  ရှောင်ရှား ပြီး အကျိုးရှိသော အလုပ်တစ်ခုခုကို  နေ့စဉ်လုပ်ကိုင်ခြင်းဖြင့် မိမိအကျိုး၊   မိမိပတ်ဝန်းကျင်အကျိုး၊   မိမိနိုင်ငံအကျိုးကို ဆောင်ကြဉ်းကြရန် နှစ်သစ်မင်္ဂလာတွင် မွန်မြတ်သော စိတ်ထားဖြင့် စွမ်းဆောင်စေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ