နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်နှင့် ပြည်သူ့ရင်ပြင် မဟာသင်္ကြန် ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားများ ကျင်းပ

ရန်ကုန်  ဧပြီ  ၁၇

ရန်ကုန်မြို့တော် မဟာ သင်္ကြန် ရေသဘင်ပွဲတော်နှင့် ပြည်သူ့ရင်ပြင် မဟာသင်္ကြန် ရေသဘင်ပွဲတော်ပိတ်ပွဲ အခမ်း အနားများကို အဆိုပါမဏ္ဍပ် များတွင် ဧပြီ ၁၆ ရက် ညနေ ပိုင်းများက ကျင်းပသည်။

အဆိုပါ မဏ္ဍပ်ပိတ်ပွဲများ သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်း မှူး  ဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီး များ၊                      

ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူ များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသ ကြီးအတွင်းရှိ ယိမ်းအဖွဲ့များ၊ သင်္ကြန်ချစ်သူ ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပိတ်ပွဲအခမ်း အနားအား ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလမ်းရှိ  ရန်ကုန် မြို့‌တော်သင်္ကြန်မဏ္ဍပ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က နှစ်သစ်ကူးနှုတ်ခွန်း ဆက်ဆုတောင်းစကား ပြော ကြားသည်။

ထို့နောက် တေးသံရှင်ဝိုင်း လမင်းအောင်က မန်းတောင် ရိပ်ခိုသီချင်းကိုသီဆိုပြီး နိုင်ငံ ကျော်အနုပညာရှင်များနှင့် ယိမ်း အဖွဲ့များမှ ကပြဖျော်ဖြေမှုအပြီး တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် က  ရန်ကုန်မြို့တော်သင်္ကြန် ပိတ်သိမ်းကြောင်း ကြေညာသည်။

ဆက်လက်၍ ဆုပေးပွဲကို ကျင်းပရာ ရှမ်းရိုးရာတိုင်းရင်း သား ယဉ်ကျေးမှုအက၊ မူကြို အဆင့်အက ၁၂ ဦးယိမ်းပြိုင်ပွဲ၊ အခြေခံပညာကျောင်းများအက ၁၂ ဦးယိမ်းပြိုင်ပွဲ၊ တိုင်းအဆင့် ဌာနဆိုင်ရာရုံးများနှင့် အခြား ဌာနများအက ၁၂ ဦး ယိမ်း ပြိုင်ပွဲ၊ အလွတ်တန်းကျားအက  ၁၂ ဦးယိမ်းပြိုင်ပွဲ၊ အခြေခံ ပညာကျောင်းများ အက ၁၆ ဦးယိမ်းပြိုင်ပွဲ၊ အလွတ်တန်း အက ၂၀ ဦး ယိမ်းပြိုင်ပွဲ၊ တိုင်း အဆင့်ဌာနဆိုင်ရာ ရုံးများနှင့် အခြားဌာနများအက ၁၆ ဦး ယိမ်းပြိုင်ပွဲများတွင် ဆုရရှိသူ များနှင့် နှစ်သိမ့်ဆုရရှိကြသူ များအား တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တရားလွှတ်တော် တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီး များနှင့်ဇနီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီးတို့က ဆုများအသီးသီးပေးအပ်ချီး မြှင့်ကြသည်။

ယင်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်သို့ရောက်ရှိပြီး ရေကစားမဏ္ဍပ်ပိတ်ပွဲကို ဆက် လက်ကျင်းပရာ တေးသံရှင် ဝိုင်းလမင်းအောင်က မန်းတောင် ရိပ်ခိုသီချင်းကိုသီဆိုပြီး နိုင်ငံ ကျော်အနုပညာရှင်များ၊ တေး သံရှင်များနှင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေကြသည်။

ထိုသို့ သီဆိုကပြကြသော ယိမ်းအဖွဲ့များအား ဝန်ကြီးချုပ် က ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ တီးဝိုင်းအဖွဲ့ များ၊ ရုပ်ရုင်အနုပညာရှင်များ ကိုလည်းကောင်း  ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်သည်။

ထို့နောက် အခမ်းအနားမှူး က မြန်မာသက္ကရာဇ်ကူးပြောင်း တော့မည်ဖြစ်၍ ဆုတောင်း စကားများပြောကြား၍ အမှတ် စဉ် ၁၀ မှ စတင်ပြီး Countdown  ရေတွက်ကာ အခမ်းအနား အား အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ