နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၊ ပြည်သူ့ရင်ပြင်နှင့် တိုင်းစစ်ဌာနချုပ် သင်္ကြန်ရေကစားမဏ္ဍပ်ဖွင့်ပွဲများ ကျင်းပ

ရန်ကုန်  ဧပြီ  ၁၇

ရန်ကုန်မြို့တော်ဝန် မဟာ သင်္ကြန် ရေသဘင်ပွဲတော်၊ ပြည်သူ့ရင်ပြင်ရှိ သင်္ကြန်ပွဲ တော်နှင့် တိုင်းစစ်ဌာနချုပ်ရှိ ရေသဘင်ပွဲတော် ရေကစား မဏ္ဍပ်ဖွင့်ပွဲများကို ဧပြီ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းက အဆိုပါမဏ္ဍပ်များတွင် သီးခြား စီကျင်းပသည်။

ရှေးဦးစွာ ကျောက်တံတား မြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ မြို့ တော်ဝန်မဏ္ဍပ်ဖွင့်ပွဲကို နံနက် ၇ နာရီ ၃၀ မိနစ်တွင်ကျင်းပရာ  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီး များ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ဇနီး၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ယိမ်းအဖွဲ့ များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံ သဘင် အစည်းအရုံးနာယက အလင်္ကာကျော်စွာ ဦးအောင်  တင်ဝင်းက ကောင်းခြင်းမင်္ဂလာ အဖြာဖြာ ပြည့်စုံပါစေကြောင်း၊ ပုဏ္ဏားစာဖတ် ခရုသင်းမှုတ် မင်္ဂလာပြုပေးသည်။

ယင်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ မြို့တော် ဝန်တို့က ၁၃၈၄ ခုနှစ် ရန်ကုန် မြို့တော် မဟာသင်္ကြန်ရေ သဘင်ပွဲတော်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြ သည်။

၎င်းနောက် နိုင်ငံကျော် တေးသံရှင် သန်းမြတ်စိုးမှ မြူမှောင်ဝေကင်းသီချင်းဖြင့်လည်းကောင်း၊ တေးသံရှင် စိုးညီညီမှ နွေရတုပွဲတော်သီချင်း ဖြင့်လည်းကောင်း သီဆိုဖျော်ဖြေ ပြီး သင်္ကြန်ပျိုမေလှပျိုဖြူလေး များယိမ်းအဖွဲ့မှ ကပြဖျော်ဖြေ ကြသည်။                 

အလားတူ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် ရေကစားမဏ္ဍပ် များဖွင့်ပွဲသို့ တက်ရောက်ရာ ဦးစွာ တက်ရောက်လာသော ယိမ်းအဖွဲ့များက အခမ်းအနား စင်ပေါ်နှင့် ကွင်းပြည့်နေ ရာယူပြီး အခမ်းအနားမှူးက မင်္ဂလာအချိန်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ တော် ဖွင့်လှစ်ကြောင်းကြေညာ ချိန်တွင် မိုးပျံပူဖောင်းများ လွှတ်တင်ကြသည်။

ထို့နောက် နိုင်ငံကျော် တေးသံရှင်သန်းမြတ်စိုးမှ မြူ မှောင်ဝေကင်းသီချင်းဖြင့် သီဆို ဖျော်ဖြေပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သင်္ကြန်ပျိုမေလှပျိုဖြူ လေးများယိမ်းအဖွဲ့နှင့် တက် ရောက်လာကြသော ယိမ်းအဖွဲ့ များက တစ်ပြိုင်တည်းကပြ ဖျော်ဖြေကြသည်။

ယင်းနောက် တေးသံရှင် စိုးညီညီမှ နွေရတုပွဲတော်သီချင်း ဖြင့်လည်းကောင်း၊ ယိမ်းအဖွဲ့ များက သင်္ကြန်တေးသီချင်း များဖြင့် ကပြ‌ဖျော်ဖြေ၍ လည်း ကောင်း၊ နိုင်ငံကျော်စတူဒီယို တေးသံရှင်များ၊ သဘင်၊ ဂီတ အနုပညာရှင်များကလည်း‌ ကောင်း သင်္ကြန်တေးသီချင်း များသီဆို၍ ဆက်လက်ဖျော် ဖြေကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်း ဒေသကြီးဝန်ကြီးများနှင့် ဇနီး များက ရေပက်ခံကားများဖြင့် ပြည်သူ့ရင်ပြင်ရှိ သင်္ကြန်ပွဲတော် အတွင်း လှည့်ပတ်ကြသည်။

ထူးခြားချက်အနေဖြင့် ပြည်သူ့ရင်ပြင်အတွင်း လမ်း  လျှောက်သင်္ကြန်ကို ထည့်သွင်း ထားရှိပြီး ရောင်စုံထီးများကြား မှ ပြည်သူများ‌ပေါ်သို့လျှောက် လမ်းများမှတစ်ဆင့်အပေါ် နေရာစုံမှ ကျလာသောရေမှုန် ရေမွှားဖြင့် လူတစ်ကိုယ်လုံးရွှဲရွှဲစို သွားစေသော လမ်းလျှောက်  သင်္ကြန်၏ထူးခြားမှုကိုလည်း ဆင်နွှဲနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

ယင်းနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ မိသားစုမဟာ သင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့ ညနေပိုင်းတွင် တိုင်းစစ်ဌာန ချုပ်ကုန်းမြင့်သာ၌ ကျင်းပရာ  အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ် မှ အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်နယ်မှူးများ၊ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ ယိမ်းအက အဖွဲ့များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ကြပြီး တိုင်းမှူးက  မင်္ဂလာနှစ်သစ်ကူးအကြို နှုတ် ခွန်းဆက်အမှာစကား ပြော ကြားသည်။

ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တက်ရောက် လာကြသော ဧည့်သည့်တော် များနှင့် ယိမ်းအကအဖွဲ့များ အား မဟာသင်္ကြန်အတာရေ  ပက်ဖျန်းကာ ယိမ်းအဖွဲ့များ၏  မန်းတောင်ရိပ်ခို သီချင်းနှင့် သင်္ကြန်မိုး သီချင်းတို့ဖြင့် စုပေါင်းကပြဖျော်ဖြေနေမှုများ ကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သောဧည့်သည်တော်များက သပြေခက်ဖြင့် ပျော်ရွှင်စွာ ရေပက်ကစားကြပြီး စခန်းရုံး မိသားစု စတုဒိသာမဏ္ဍပ်၌ အရာရှိ၊ စစ်သည်၊ မိသားစု များက စတုဒိသာများကျွေးမွေး ဧည့်ခံခဲ့သည်။

အလားတူ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများကသက် ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့ ရေ ကစားမဏ္ဍပ်များ၌ ရေသဘင် ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ