နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီလက်ကျန် နျူဓာတ်ပေါင်းဖိုများ ပိတ်သိမ်း

ဘာလင် ဧပြီ ၁၀

ဂျာမနီသည် ယင်း၏ နောက်ဆုံး လက်ကျန် နျူကလီယား ဓာတ်ပေါင်းဖို သုံးလုံးကို ဧပြီ ၁၆ ရက်တွင် ပိတ် သိမ်းလိုက်ပြီ ဖြစ်သည်။

ကမ္ဘာတဝန်းလုံး စွမ်းအင်အခက် အခဲ ဖြစ်ပေါ်နေပြီး  ရုပ်ကြွင်း လောင်စာ သုံးစွဲမှုကို အစားထိုးရန် လောင်စာ ရင်းမြစ်များ ရှာဖွေနေစဉ်ဂျာမနီ သည် ယင်း၏ နျူကလီယား စွမ်းအင် သုံးစွဲမှုကို အဆုံးသတ် လိုက်ခြင်း ဖြစ်သည်။

နျူကလီယား ဆန့်ကျင်ရေး လှုပ်ရှားမှု၏ ဗဟိုချက်ဖြစ်သည့် Greenpeace အဖွဲ့သည် ဘာလင်မြို့ ရှိ ဘရန်ဒင်ဘာ့ဂ်ဂိတ်တွင် အခမ်း အနားကျင်းပကာ နျူဓာတ်ပေါင်း ဖိုများ ပိတ်သိမ်းမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂျာမနီတွင် ယခု နောက်ဆုံး ပိတ်သိမ်းလိုက်သည့်  နျူကလီယား ဓာတ်ပေါင်းဖို သုံးလုံးသည် နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ၆ ရာခိုင်နှုန်းသာ ပါဝင်ပြီး ဂျာမနီအစိုးရကမူ လက်ရှိ တွင် စွမ်းအင်အခြေအနေကို ကောင်း မွန်စွာ ထိန်းချုပ်နိုင်ကြောင်း အာမခံ ထားသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ