နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာကာသတွင် စိုက်ပျိုးထားသော ခရမ်းချဉ်သီးများ ကမ္ဘာပေါ်သို့ ပြန်လည် ရောက်ရှိ

ဝါရှင်တန် ဧပြီ ၁၀

နိုင်ငံတကာ အာကာသစခန်း (ISS) တွင် စမ်းသပ်စိုက်ပျိုးထားသော ခရမ်းချဉ်သီးများသည် ဧပြီ ၁၆ရက် တွင် စပေ့အိတ်စ်၏ CRS-27 အမည် ရ ကုန်ပစ္စည်းတင် အာကာသယာဉ် ဖြင့် ကမ္ဘာမြေပေါ်သို့ ပြန်လည် ရောက် ရှိလာကြောင်း အမေရိကန် အာကာသ အေဂျင်စီနာဆာက ကြေညာသည်။ 

ကမ္ဘာပေါ်သို့ ရောက်ရှိလာသော ခရမ်းချဉ်သီးများအား ကမ္ဘာ့ဆွဲအားဒဏ် စတင် မသက်ရောက်မီ သုတေသီများ လေ့လာနိုင်ရန် ဖလော်ရီဒါပြည်နယ်ရှိ နာဆာ၏ ကနေဒီ အာကာသ စင်တာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ယခုလက်ရှိ  ISS  ၌ စိုက်ပျိုးထားသော ခရမ်းချဉ်သီးများသည် ခရမ်းချဉ်သီး အသေးမျိုးများဖြစ်ပြီး အာကာသ အတွင်း သီးပင်စိုက်ပျိုးရာ တွင် အလင်း အရည်အသွေး နှင့် ဓာတ်မြေဩဇာ၏ အကျိုးသက်ရောက်မှုများ၊ ဘက်တီး ရီးယားများ ကင်းစင်မှုနှင့် အာဟာရ တန်ဖိုးများအား လေ့လာသွားရန် ရည်ရွယ်ကြောင်း သိရသည်။

ယခုကဲ့သို့ အသီးအနှံများအား အာကာသထဲ၌ စမ်းသပ်စိုက်ပျိုးနေ ခြင်းသည် အနာဂတ်တွင် အာကာသ ယာဉ်မှူးများကို အင်္ဂါဂြိုဟ်ကဲ့သို့ ကမ္ဘာ နှင့် အလွန်ဝေးလံသော နေရာများ သို့ စေလွှတ်ရာတွင် အသုံးဝင်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်ဟု နာဆာက ဆိုသည်။

(ref: CNA)







အခြားဆက်စပ်သတင်းများ