နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂူအတွင်း ရက် ၅၀၀ နေထိုင်ခဲ့သည့် စပိန်အမျိုးသမီး ဂူအပြင်သို့ ပြန်ထွက်လာ

မက်ဒရစ်         ဧပြီ ၁၀

ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ပြီး ပေ ၂၃၀ နက်သည့် ဂူအတွင်း တစ်ကိုယ်တော် ရက် ၅၀၀ ကျော်ကြာ နေထိုင်ခဲ့သည့် စပိန်အမျိုးသမီးသည် ဂူထဲမှ ပြန်ထွက်လာပြီဖြစ်ကြောင်း သိရသည်။ 

အသက် ၅၀ အရွယ်ရှိ ဖလာမီနီသည် ဂူအတွင်း အချိန်အကြာဆုံး တစ်ကိုယ် တော် နေထိုင်သူအဖြစ် ကမ္ဘာ့စံချိန် တင်နိုင်ရန်အတွက် စပိန်နိုင်ငံ မွန်ထရီ မြို့နားရှိ ဂူအတွင်း နေထိုင်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၁၅ ရက်က ပြန်လည် ထွက်လာခြင်း ဖြစ်သည်။

ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်ပြီး တစ်ကိုယ်တည်း နေထိုင်ချိန် တွင် လူ့စိတ်ပြောင်းလဲမှုနှင့် ကိုယ်တွင်း ဇီဝနာရီ အပြောင်းအလဲများကို လေ့လာရန်အတွက် သိပ္ပံပညာရှင်များ၊ စိတ်ပညာ ရှင်များက ဖလာမီနီကို အနီးကပ်စောင့်ကြည့်နေသည့်အပြင် ဂူနှင့် သက်ဆိုင်သည့် ကျွမ်းကျင်ပညာ ရှင်များကလည်း ယင်းကို စောင့်ကြည့် လျက်ရှိကြောင်း သိရသည်။

ထိပ်တန်း တောင်တက် အားကစား သမား တစ်ဦးဖြစ်သည့် ဖလာမီနီသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ဂူထဲသို့ စတင် ဝင်သွားခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၄၈ နှစ်အရွယ်သာ ရှိကြောင်း ဆိုသည်။                    

(ref: Daily Mail)







အခြားဆက်စပ်သတင်းများ