နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လ မြေသား အသုံးပြုလပေါ်အခြေစိုက်စခန်းတစ်ခု တရုတ် တည်ဆောက်မည်

ပေကျင်း ဧပြီ ၁၀

လ မြေသားဖြင့်ပြုလုပ်ထားသော အုတ်များဖြင့် လပေါ်တွင် အခြေစိုက် စခန်းတစ်ခုကို လာမည့် ငါးနှစ်အတွင်း စတင်တည် ဆောက်ရန် တရုတ်နိုင်ငံက စီစဉ်နေကြောင်း အဆိုပါစီမံကိန်းနှင့် ဆက်စပ်သော သိပ္ပံပညာရှင်များက ဧပြီ ၁၆ ရက်တွင် ပြောသည်။ 

လ မြေသားဖြင့်ပြုလုပ်သော ပထမဆုံး အုတ်ကို ၂၀၂၈ ခုနှစ်ချန်အိ လဆင်းမစ်ရှင်တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း ဟွာကျုံး တက္ကသိုလ် သိပ္ပံနှင့် နည်းပညာဌာနမှ ထိပ်တန်း သိပ္ပံပညာရှင် တင်လီယွန်းက ပြော သည်။

အဆိုပါ လအခြေစိုက်စခန်းတွင် နျူကလီယားစွမ်းအင်ကိုအသုံးပြုနိုင် ဖွယ်ရှိပြီး လိုအပ်သမျှအားလုံးကို ချန်အိ ၆၊ ၇၊ ၈ လဆင်းမစ်ရှင်များတွင် တည် ဆောက်သွားမည်ဖြစ်ကြောင်း ယင်းက ပြောသည်။

ယခုစီမံကိန်းသည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ကျင်းပသော သိပ္ပံညီလာခံ တစ်ခု၏ ဆွေးနွေးတင်ပြချက်ကြောင့်  ပေါ်ပေါက်လာခြင်းဖြစ်ပြီး လအခြေ စိုက်စခန်းတစ်ခုလုံးကို လမြေသား မှပြုလုပ်သည့် အုတ်များဖြင့်သာ တည် ဆောက်မည်ဆိုသည့် အချက်ကိုမူ ရှင်းလင်းစွာ မသိရသေးကြောင်း ပညာ ရှင်များက ဆိုသည်။             

(ref: AP)







အခြားဆက်စပ်သတင်းများ