နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မျိုးသုဉ်းလုနီးပါး ကြိုးကြာများ ထိုင်းနှင့် ဗီယက်နမ် ပူးပေါင်းကာကွယ်မည်

ဘန်ကောက်  ဧပြီ ၁၇

ဗီယက်နမ်နိုင်ငံရှိ မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေသော Eastern Sarus အမျိုးအစား ကြိုးကြာ များကို အရေအတွက် တိုးပွားလာ စေရန် ထိုင်းနှင့် ဗီယက်နမ်တိရစ္ဆာန် ဥယျာဉ်အသင်းများက ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဧပြီလအတွင်း ချုပ်ဆိုထားသော နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာအရ ယခု ပူးပေါင်းဆောင်ရွက်မှုတွင် ဗီယက်နမ်နိုင်ငံ နုန်ဖတ်ပြည်နယ် ပြည်သူ့ကော်မတီနှင့် နိုင်ငံတကာ ကြိုးကြာဖောင်ဒေးရှင်းတို့လည်း ပါဝင် မည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်ရှိ Eastern Sarus အမျိုး အစားကြိုးကြာ အရေအတွက်သည် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ် ရှိနေပြီး နှစ်နိုင်ငံ သဘောတူညီချက် သည် ဗီယက်နမ်ရှိ ရှားပါးငှက်ထိန်း သိမ်းရေးအမျိုးသားဥယျာဉ်အတွင်း  ကြိုးကြာကောင်ရေ တိုးပွားလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

လက်ရှိတွင် ဗီယက်နမ်၌ Eastern Sarus ကြိုးကြာအရေအတွက်သည် ကောင်ရေ ၁,၀၀၀ မှ ၁,၅၀၀ ကြားသာ ရှိပြီး ယင်းတို့အနေဖြင့် ကျက်စားရာ နေရာများ ဆုံးရှုံးခြင်း၊ အမဲလိုက်ခံ ရခြင်းနှင့် ခိုးယူခံရခြင်း များကြောင့် ဒေသတွင်း၌သာမက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုနှင့်ပါ  ရင်ဆိုင်နေရ ကြောင်း သိရသည်။

(ref: Bangkok Post)






အခြားဆက်စပ်သတင်းများ