နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝရေအရင်းအမြစ်များ ထိရောက်စွာအသုံးချရေးကြိုးပမ်းတည်ဆောက်

မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များပေါများကြွယ်ဝသော နိုင်ငံဖြစ်သည်။ သဘာဝမြစ်ချောင်း၊ အင်းအိုင်နှင့်ရေထွက်များ ပေါများသည်။

မျက်မှောက်ကာလတွင် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်ကြောင့် ကမ္ဘာတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ နွေရာသီ တွင် အပူလွန်ကဲစွာမြင့်တက်ခြင်း၊ အင်အားပြင်းသည့် မုန်တိုင်းများ တိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့နေ ရသည်။

 ကမ္ဘာပေါ်ရှိရေထု၊ မြေထု၊ လေထု၊ ညစ်ညမ်းမှု၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်ယွင်းမှု၊ ဂေဟစနစ်များဖျက်ဆီးမှု၊ ဇီဝမျိုးစုံ မျိုးကွဲများ ဖြုန်းတီးမှုအားလုံး၏လုပ်ဆောင်ချက်မှာ လူသားများပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များရှိသော်လည်း စနစ်တကျ အသုံးပြုလုပ်ဆောင်ခြင်းမရှိသောကြောင့် အချည်းနှီးအကျိုးမဲ့ဖြစ် စေသည်။ အကျိုးပြုသော ရေအရင်းအမြစ်များ လျော့နည်းလာသည်။ ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာသည်။

ရေချိုအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးစေရန်၊ ရေဝေရေလဲဒေသသစ်တောများ ထိန်းသိမ်းရန် နှင့် ရေထုညစ်ညမ်းမှုမရှိစေရေး ဆောင်ရွက်သွားရန်အရေးကြီးသည်။

 ရေအရင်းအမြစ်များပေါများသော်လည်း   ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ  ဒေသအချို့တွင် ရေအခက်အခဲများရှိနေသေး သည်။ ရေအခက်အခဲများကို  ဖြေရှင်းပေးနိုင်ရန်နှင့် တိုင်းပြည်သာယာဝ ပြောရေးနှင့်စားရေရိက္ခာဖူလုံရေး၊  ပြည်သူတို့၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေး ရေသည်အခြေခံကျသည်။

" ရေသည်အလွန်အဖိုးတန်သည့် အရင်းအမြစ်ဖြစ်ပြီး နောင်လာ နောင်သားအဆက်ဆက်လူသားများအပါအဝင် သက်ရှိသတ္တဝါများ ရှိနေသမျှကာလပတ်လုံး ရေရှည်သုံးစွဲသွားကြရမည်ဖြစ်သည့် အတွက် ရေအရင်းအမြစ်များကို စနစ်တကျထိန်းသိမ်းအသုံးပြုသွား ကြရန်လိုအပ်ပြီး လူတိုင်းရေရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း" အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ၁/၂၀၂၃ အစည်းအဝေးကို ဧပြီ ၄ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ရေအရင်းအမြစ်များပေါများကြွယ်ဝသည့် မြန်မာနိုင်ငံသည် ပြည်သူများနှင့်သက်ရှိသတ္တဝါမျိုးစိတ်များအားလုံး ရှင်သန်ဖွံ့ဖြိုးရေး ရေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက် စနစ်တကျအကျိုးရှိစွာအသုံးပြုစေချင်ကြောင်း။      ။







အခြားဆက်စပ်သတင်းများ