နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန်၊ မတ် ၂၅

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၂၅ ရက်၊ နံနက်ပိုင်းက စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၀ ဦးဖြင့် အမှတ် ၆၁ ရပ်ကွက်၊ ရတနာလမ်း (ချင်းတွင်းလမ်းနှင့် ရွှေလီလမ်းကြား)ရှိ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှတ် ၉၀ ရပ်ကွက်၊ ဒဂုံသီရိလမ်း (ဧရာဝတီလမ်းနှင့် ရတနာသိင်္ဃလမ်းအတွင်း) ရေမြောင်းကို ပြန်လည်တူးဖော်ကာ ရေမှော်အမှိုက်နှင့် ဒိုက်များ ဆယ်ယူရှင်းလင်း၍ မြောင်းစပ်တစ်လျှောက် ပေါက်ရောက်နေသော မြက်ပင် ကိုင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း များ ဆောင်ရွက်ကြကြောင်း သိရသည်။

(ပုံ)မလတ်






အခြားဆက်စပ်သတင်းများ