နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့နယ်အတွင်း သန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန်၊ မတ် ၂၅

ဒဂုံမြို့နယ်အတွင်း သန့်ရှင်း သာယာသပ်ရပ်ရေး မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက်၊ နံနက်ပိုင်းက စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာန များမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၀ ဦးဖြင့် ပြည် အနောက်ရပ်ကွက်၊ ခရေပင်လမ်း (ပြည်ထောင်စုရိပ်သာလမ်းနှင့် ကင်းဝန်မင်းကြီးလမ်းကြား)တွင် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်း၍ သန့်ရှင်း ရေး  ပြုလုပ်ခြင်း၊  ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေ ဆင်းဖြတ်မြောင်းများအတွင်း အမှိုက်များ   ရှင်းလင်းခြင်း၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ခြင်း၊    ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့်  သိမ်းဆည်း သယ်ယူ    စွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ (ပုံ)                     

ယဉ်မွန်






အခြားဆက်စပ်သတင်းများ