နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန်၊ မတ် ၂၅

မင်္ဂလာဒုံမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မတ် ၂၂ ရက်၊ နံနက်ပိုင်းက စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၅၃ ဦးဖြင့် မှော်ဘီလမ်းနှင့် သုဓမ္မာလမ်း တစ်လျှောက် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်‌ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ လှော်ကားပတ်လမ်း ဝဲ/ ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ မှော်ဘီလမ်းတွင် အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ၂/က ရပ်ကွက်၊ ပိတောက်လမ်းရေမြောင်းအတွင်းရှိ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက် များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြသည်။ (ပုံ)

ထို့ပြင် မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ ဌာနခွဲမှူးဦးစီး၍၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ လက်ထောက်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများ၊ ရက်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ များ၊ လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်း၍ တောင်ပိုင်းရပ်ကွက်နှင့် တိုးချဲ့ရပ်ကွက်အား ဆက်သွယ်ထားသည့် လမ်းသစ်လမ်းအပါအဝင်၊ တိုးချဲ့ရပ်ကွက်အတွင်းရှိ လမ်းများတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေတွင် လူနေအိမ်၊ ဈေးဆိုင်ခန်းများ ကျူးကျော်ထားခြင်း ရှိ/ မရှိ ကို တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။                

ယဉ်မွန်






အခြားဆက်စပ်သတင်းများ