နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန်၊ မတ် ၂၅

တောင်ဥက္ကလာပမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက်၊ နံနက်ပိုင်းက စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၃၀ ဦးဖြင့် အမှတ် (၁၃) ရပ်ကွက်၊ အနော်မာလမ်းနှင့် ဒေဝဒဟလမ်းသွယ်များရှိ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက် ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ဝေဇယန္တာလမ်းတစ်လျှောက်ရှိ အုပ်မိုးကာကွယ်နှင့် ဓာတ်အားလိုင်းမလွတ်အပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ္စာလမ်းရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ (ပုံ)                                          ယဉ်မွန်






အခြားဆက်စပ်သတင်းများ