နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန်၊ မတ်  ၂၅

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ် ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှု ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၂၄ ရက်၊ နံနက်ပိုင်း က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၈ ဦးဖြင့် အမှတ် (၂၁/၂၄/၆၄) ရပ်ကွက်၊ ပြည်ထောင်စုလမ်းတစ်လျှောက် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ သစ်ရွက်ကြွေများ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းရှိ အမှိုက်၊ ဒိုက်နှင့် ရေမှော်များ ဆယ်ယူရှင်းလင်း ခြင်း၊ ‌ရေမြောင်းတစ်လျှောက် ပေါက်ရောက်နေသော မြက်ပင်ကိုင်းပင် များ ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့သည်။

(ပုံ)  မလတ်






အခြားဆက်စပ်သတင်းများ