နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ဒေါပုံမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၂၃ ရက်၊ နံနက်ပိုင်းက စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား ၂၀ ဦးဖြင့် စက်ရုံလမ်း ကတ်တုံးဖြတ်မြောင်းနှာပေါက်များအတွင်း အမှိုက်သဲ၊ ခဲများရှင်းလင်းခြင်း၊ မဟာဗန္ဓုလတံတား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ယမုံနာလမ်းတစ်လျှောက်ဖြတ်မြောင်းများရှင်းလင်းခြင်း၊ ပုသိမ်မြေရပ်ကွက် ဓမ္မာရုံလမ်းရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများဆောင်ရွက်ကြစဉ်။   

ယဉ်မွန်







အခြားဆက်စပ်သတင်းများ