နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၂၃ ရက်၊ နံနက်ပိုင်းက စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား ၄၅ ဦးဖြင့် လမ်းသစ်လမ်း တစ်လျှောက်စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ သီရိမင်္ဂလာလမ်းသစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ မင်းဓမ္မလမ်းရွက်ကြွေအမိူက်များ ရှင်းလင်းခြင်း၊ လှိုင်မြစ်လမ်းဖြတ်ပေါက်တောချောင်းအတွင်းအမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်း ခြင်း၊ ချောင်းစပ်တစ်လျှောက်မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ် တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများဆောင်ရွက်ကြစဉ်။                

ယဉ်မွန်







အခြားဆက်စပ်သတင်းများ