နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော်မတီဝင် ဒေါက်တာငွေစန်း ဈေးရုံတည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် ၂၂

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ဈေးများ နှင့်ကုန်စည်ပွဲရုံများဌာန အနေ ဖြင့် စည်ပင်သာယာဈေးများ စနစ်တကျ ရောင်းဝယ်ဖောက်ကား စေရေးအတွက် ဈေးရုံများတည် ဆောက်၍ စနစ်တကျ နေရာ ချထားရောင်းချစေရေးကို စဉ် ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ရာ ယမန်နေ့ မွန်းလွဲပိုင်းက ကော်မတီဝင် ဒေါက်တာငွေစန်း သည် ဈေးများနှင့် ကုန်စည်ပွဲရုံ များဌာနမှ ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးသန်း ထိုက်နှင့် တာဝန်ရှိသူများလိုက်ပါ လျက် သာကေတမြို့နယ်၊ စံပြ ဥယျာဉ်ဈေး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံယာဉ်အပိုပစ္စည်းရောင်း ဝယ်ရေးစခန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂ ဈေးနှင့် ဒဂုံသီရိဈေး၊ လသာ မြို့နယ်၊ သိမ်ကြီးဈေး (ဃ) ရုံ များသို့သွားရောက်၍ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်း စစ်ဆေးကြသည်။ ရှေးဦးစွာ ကော်မတီဝင်နှင့် အဖွဲ့သည် မွန်းလွဲ ၁၂ နာရီခွဲ တွင် သာကေတမြို့နယ်၊ စံပြ ဥယျာဉ်ဈေးသို့ သွားရောက်၍ တည်ဆောက်ပြီးသည့် ဈေးရုံ များကို လိုက်လံကြည့်ရှုစစ်ဆေး ပြီး ဆိုင်ခန်းများ စနစ်တကျ နေရာချထား ရောင်းချစေရေး၊ ဝင်လမ်းထွက်လမ်းများ ကောင်း မွန်စေရေး၊ ဈေးရုံသန့်ရှင်းသာယာ သပ်ရပ်ရေးတို့ကို ဆောင်ရွက် ရန် မှာကြားသည်။ ဆက်လက်၍ ကော်မတီဝင် နှင့်အဖွဲ့သည် တာမွေမြို့နယ်၊ ကျိုက္ကဆံယာဉ်အပိုပစ္စည်းရောင်း ဝယ်ရေးစခန်းသို့ သွားရောက်၍ စခန်းဝင်းအတွင်းရှိ ကြေးမြေ ဆောင် ဆိုင်ခန်းများနှင့် မာလာ နွယ်လမ်းပေါ်ရှိ ကြေးမြေဆောင် ဆိုင်ခန်းများ မြေတိုင်းတာမှု အခြေအနေကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ မှာကြား သည်။ ထို့နောက် ကော်မတီဝင်နှင့် အဖွဲ့သည် ဒဂုံမြို့သစ် (တောင် ပိုင်း) မြို့နယ်သို့ သွားရောက်၍ အမှတ် ၂ ဈေး ရောင်းဝယ် ဖောက်ကားနေမှု၊ သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ထားရှိမှု ကိုလည်းကောင်း၊ ဒဂုံသီရိဈေးအတွင်း ပြန်လည်တည် ဆောက်မည့် ဈေးရုံများ၏အခြေ အနေကိုလည်းကောင်း လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ရောင်းဝယ်စေရေး၊ ဈေးရုံတည်ဆောက်ရေးလုပ်ငန်း များတွင် သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ တည်ဆောက်ရေး၊ ယာယီဈေးရောင်းချရန် နေရာ များချထားရာတွင် ဈေးရောင်း၊ ဈေးဝယ်သူများ အဆင်ပြေ လွယ်ကူစေရေးနှင့် ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းသာယာသပ်ရပ် ရေးဆောင်ရွက်ရန်တို့ကို မှာကြား သည်။ ထိုမှတဆင့် ကော်မတီဝင် နှင့်အဖွဲ့သည် ညနေ ၃ နာရီခွဲ တွင် လသာမြို့နယ်၊ သိမ်ကြီးဈေး (ဃ) ရုံသို့သွားရောက်၍ ဈေးရုံရှိ ရန်ကုန်သံလွင်ဟိုတယ်လုပ်ငန်း ဆောင်ရွက်မှုများကို လိုက်လံ စစ်ဆေးကာ ဌာနမှ တာဝန်ရှိသူ များနှင့် ဟိုတယ်လုပ်ငန်းရှင်တို့ ၏ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ