နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တီဘီရောဂါ စနစ်တကျကုသရန် လိုအပ်

တီဘီရောဂါသည် အနာသိဆေးရှိပြီးဖြစ်ရာ ကျန်းမာရေးဝန်ထမ်း တို့၏ ညွှန်ကြားချက်အတိုင်းလိုက်နာ သောက်သုံးပေးရုံဖြင့် သက်သာ ပျောက်ကင်းနိုင်သည်။

 တီဘီရောဂါသည် လေထဲမှတစ်ဆင့်ကူးစက်ပျံ့နှံ့နိုင်သော တီဘီပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုးဖြစ်၏။ ရောဂါရှိ သောလူနာမှ ချောင်းဆိုး၊ နှာချေ၊ စကားပြောသောအခါ လေထဲမှ တစ်ဆင့်နောက်တစ်ဦးသို့ ကူးစက်နိုင်၏။ ၁၉၄၃ ခုနှစ်တွင် တီဘီ ရောဂါကုဆေး အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည်။

 တီဘီရောဂါလက္ခဏာများမှာ  နှစ်ပတ်ထက်ပိုပြီး ချောင်းဆိုးခြင်း၊ ချောင်းဆိုးသောအခါ သွေးပါခြင်း၊ သလိပ်ပါခြင်း၊ အစားအသောက် ပျက်ခြင်း၊ တဖြည်းဖြည်းပိန်လာခြင်း၊ တငွေ့ငွေ့ဖျားခြင်း၊ ညဘက် ချွေးထွက်ခြင်းများ၊ ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်းတို့ဖြစ် ကြောင်း သိရသည်။ အထက်ပါအခြေအနေများဖြစ်ပေါ်လာပါက နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများနှင့်ကျန်းမာရေး ဌာနများတွင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှ အရည်အသွေးပြည့် တီဘီဆေးများဖြင့် ကုသနိုင်သည်။

 တီဘီဆေးများကိုနေ့စဉ်အချိန်မှန်   နံနက်စောစောတွင် တစ်ကြိမ် အစားနှင့်ခြား၍ သောက်သုံးရပေမည်။ ဆရာဝန်၊ မိသားစု ဝင်တစ်ဦးဦး၏ တိုက်ရိုက်စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် သောက် ရပါမည်။ တီဘီရောဂါပိုးသည် အသက်အလွန်ပြင်းသည့်အတွက် တီဘီပိုးကင်းရှင်းသည်အထိ ခြောက်လမှရှစ်လကြာ မပျက်မကွက် နေ့စဉ်အချိန်မှန်မှန် ဆေးသောက်ရန်လိုအပ်သည်။

တီဘီကုသဆေးသောက်သုံးနေစဉ်အတွင်း တစ်ခါတရံ ပျို့ခြင်း၊ ဗိုက်နာခြင်း၊ ခြေလက်များထုံကျင်ခြင်း၊ မျက်လုံးအသားများဝါလာ ခြင်း၊ နှာချေခြင်း၊  နားလေထွက်ခြင်း၊ အရေပြားယားယံပြီး၊ အနီ အကွက်အဖု၊ အပိမ့်များထွက်ခြင်း ဖြစ်ပေါ်လာတတ်သည့်အတွက် ဘေးထွက်ဆိုးကျိုးဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းဆရာဝန်များနှင့် ပြသ၍ စောင့်ရှောက်မှုကို ခံယူသင့်သည်။

 အာဟာရပြည့်ဝသော အစားအစာများကို စားသုံးခြင်းသည် တီဘီရောဂါပျောက်ကင်းစေရန် အထောက်အကူပြုပြီး မိသားစုများ ကို တီဘီရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်ဟု ကျန်းမာရေး ဝန်ထမ်းတို့က အသိပေးထားသည်။

သို့ဖြစ်ရာ ကျန်းမာရေးဌာနက ဖွင့်ထားသောဆေးရုံ၊ ဆေးခန်း များနှင့်ပုဂ္ဂလိကဆေးခန်းများက ဆရာဝန်များထံ တီဘီရောဂါရှိ  မရှိ စစ်ဆေးနိုင်သည်။ တီဘီရောဂါပိုးရှိ မရှိစနစ်တကျစစ်ဆေးပြီး ဆေးကုသမှုခံယူကြရန် တိုက်တွန်းနှိုးဆော်ရပါသည်။






အခြားဆက်စပ်သတင်းများ