နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်းမှ ဆာကာ သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်စီနှင့်အထက် ပြည့်မြောက်ခဲ့သည့် ပထမဆုံး ကစားသမားဖြစ်လာ

မတ်   ၂၁

အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာ သည် ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်စီနှင့်အထက် ပြည့်မြောက် ခဲ့သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။

ဆာကာသည် ယခုနှစ် ဘောလုံးရာသီတွင် အာဆင်နယ် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသ လျက်ရှိနေပြီး ပဲလေ့စ်အသင်းကို အာဆင်နယ် အသင်းက လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် အပြင် ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ် နိုင်ခဲ့ပြီးနောက် ယခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်စီနှင့်အထက် ပြည့်မြောက် ခဲ့သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဆာကာသည် ယခုနှစ် ဘောလုံး ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၂၈ ပွဲစလုံး ပါဝင်ကစားခွင့်ရရှိ ထားသူဖြစ်ပြီး ပဲလေ့စ်အသင်း နှင့်ပွဲစဉ်အပြီးတွင် သွင်းဂိုး ၁၂ ဂိုးရှိလာသကဲ့သို့ ဂိုးဖန်တီးမှု လည်း ၁၀ ကြိမ်ပြည့်မြောက်ခဲ့ သည်။                           

သူရိန်






အခြားဆက်စပ်သတင်းများ