နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူ များ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနသည်  ပြည်သူ များ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အသားထုတ်လုပ်ရေးရုံများ၊ စည်ပင်သာယာဈေးများ အတွင်း ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ရာတွင်  မတ် ၂၀ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံသီရိစျေးအတွင်း သက်ဆိုင်ရာဦးစီးအရာရှိဦးဆောင်ကာ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဝက်သားငါးဆိုင်၊ ဆိတ်သားတစ်ဆိုင်၊ အမဲသားတစ်ဆိုင်၊ ကြက်/ဘဲခုနစ်ဆိုင်၊ ဆိတ်ကလီစာတစ်ဆိုင်၊ ငါးပုစွန် ၁၂ ဆိုင်တို့အား အသားငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ၊ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ၊ တရားမဝင်အသားရောင်းချမှုရှိ/မရှိ စစ်ဆေးပြီး လိုအပ်သည်များမှာကြားကြပ်မတ်ဆောင်ရွက်ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ