နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေမုယင်းဒေသကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကော်မတီဝင်ဦးအောင်နိုင် ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် ၂၁

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ကော် မတီဝင် ဦးအောင်နိုင်သည်  တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီက တွံတေးမြို့နယ် ခရမ်းဝရွာသို့ သွားရောက်၍ ခရမ်းဝရွာနှင့် ကင်းရွာသွားလမ်းသို့ ဆက် သွယ်သည့် အရှည် ၃၀ ပေ၊ အကျယ် ၂၄ ပေ ရှိ ခရမ်းဝ ချောင်းကူးတံတား တည် ဆောက်ပြီးစီးမှုနှင့် ကျေးလက်  လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖောက်လုပ်ခင်းကျင်းခဲ့သည့် ခရမ်းဝ-ရေတွင်းကုန်း မြေ သားလမ်းနှင့် ဆက်စပ်၍ ခရမ်းဝရွာမှ ကွင်းပေါက်ရွာ အထိအရှည် ၄ ဒသမ ၀၂၈ မိုင် မြေသားလမ်းကို အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) က အောက်ခံထု ၆ လက်မ အပေါ်ထု ၈ လက်မဖြင့် ကွန်က ရစ်ခင်းကျင်းခြင်း အချောသပ် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု  စစ်ဆေးပြီး လိုအပ်သည်များမှာ  ကြားသည်။ 

အဆိုပါလမ်းသည် တွံတေး မြို့နယ် ရွှေမုယင်းဒေသမှ ရန်ကုန်မြို့သို့ ဆက်သွယ်သည့် ကုန်ထုတ်လမ်းမကြီး ဖြစ်သဖြင့် ဒေသလူမှုစီးပွားရေး အဆင် ပြေစေရန်              ဖောက်လုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ကော်မတီဝင် သည် လှိုင်မြို့နယ်၊ ဗဟိုလမ်း၊ သီရိမြိုင်ဘူတာအနီး အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)က ဗဟိုလမ်းဖြတ်ပိတောက် ချောင်းကူးတံတား တည် ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး စံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ချိန်  အတွင်းပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ ကိုဂရုပြုဆောင်ရွက်ရန် မှာ ကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ