နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင် - သီလဝါဆိပ်ကမ်းလမ်းအဆင့်မြှင့်တင်ဆောင်ရွက် လမ်းမီးတိုင်များပြောင်းရွေ့စိုက်ထူမှု ကြည့်ရှုစစ်ဆေး

ရန်ကုန်  မတ်  ၂၁

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး များသည် မတ် ၁၉ ရက် မွန်းလွဲပိုင်းက သန်လျင်မြို့နယ် နှင့် ကျောက်တန်းမြို့နယ်အတွင်း ရှိ သန်လျင်-သီလဝါဆိပ်ကမ်း လမ်းအဆင့်မြှင့်တင် ဆောင်ရွက် နေမှုကို လမ်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်းမြို့နယ် သီလဝါ ဆိပ်ကမ်း ဥပစာလမ်း ၆ လမ်း သွားချဲ့၍ ဆောင်ရွက်မည့် လုပ်ငန်းများတွင် လျှပ်စစ်မီး တိုင်များအား ရွှေ့ပြောင်းစိုက်ထူ ရေးအတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီး လမ်းဦးစီးဌာန က စက်ယန္တရားကြီးများ၊ ဝန်ထမ်းများဖြင့်  လမ်းအဆင့် မြှင့်တင် ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများကို အသီးသီးရှင်းလင်း တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သန်လျင်မြို့နယ်အတွင်းရှိ သန်လျင်-သီလဝါ-ဆိပ်ကမ်း လမ်းအား ပထမအဆင့် ၄ လမ်းသွား၊ ထို့မှ ၆ လမ်းသွား အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းခွင် လမ်းတစ်လျှောက် လိုက်လံ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လုပ်ငန်းဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်  မည့်လုပ်ငန်းများကို ကဏ္ဍ အလိုက်ရှင်း လင်းတင်ပြကြပြီး 

ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ပြည် ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) ဆိပ်ခံဗောတံတား တည်ဆောက်ရေးလုပ်ငန်းခွင် နှင့် အများပြည်သူအပန်းဖြေ ရန်ထားရှိသည့် သင်္ဘောပြန် လည်ပြုပြင်နေမှုတို့ကို ကြည့်ရှု  စစ်ဆေးပြီး လိုအပ်သည်များ  မှာကြားသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ