နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီး \

ရန်ကုန် မတ် ၂၁

ဝေဇယန္တာလမ်း အုတ်ပုံဆိပ် လမ်းမှ  တာမွေမြို့နယ်  လေး ထောင့်ကန်လမ်းဆုံအထိ ယာဉ် လမ်းအန္တရာယ် ကင်းရှင်းစေရန် အတွက်  ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးခင်းခြင်းနှင့် လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များကို ဖေဖော်ဝါရီ ပထမပတ် မှစတင်၍ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လမ်းညွှန် ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နှင့် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးခင်းခြင်းလုပ်ငန်းများ ရတနာလမ်းဆုံအထိ ရောက်ရှိ ပြီးစီးနေပြီဖြစ်၍ လမ်းလယ်ကျွန်း နေရာများတွင် လျှပ်စစ်ဓာတ် တိုင်များ စိုက်ထူခြင်းလုပ်ငန်း များကို သက်ဆိုင်ရာဌာနများက  ဆောင်ရွက်လျက်ရှိကြောင်း အင်ဂျင် နီယာဌာန (လမ်းနှင့် တံတား) က သိရသည်။

အဆိုပါ တောင်ဥက္ကလာပ မြို့နယ်ရှိ ဝေဇယန္တာလမ်းကို လွန်ခဲ့သည့်နှစ် ၃၀ ကျော်က တည်ဆောက်ခဲ့ရာ  ထိုအချိန်က ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ  အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) တာဝန် ရှိသူများသည်   ယနေ့တိုင် ပြိုင်ဘက်ကင်းပြီး သန့်ရှင်း    စိမ်းလန်း စနစ်တကျဖြင့် တည် ရှိနေသော မြို့ပြ၏ ဂုဏ်ကျက် သရေဆောင် ရန်ကုန် ဦးဝိစာရ လမ်းကို အားကျအတုယူ တည်ဆောက်ခဲ့သော ဝေဇယန္တာ လမ်းကို အနာဂတ်တွင် ဦးဝိစာရ လမ်းကဲ့သို့ လှပတင့်တယ်လာ စေရန် မျိုးဆက်သစ် အင်ဂျင် နီယာများက ဆက်လက်ကြိုးပမ်း လျက်ရှိကြောင်း အဆိုပါအဖွဲ့ ကပြောသည်။

ဝေဇယန္တာလမ်းစတင်တည် ဆောက်ချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ သည် အနာဂတ်မှာ ဖွံ့ဖြိုးလာ မည့် ယာဉ်သုံးစွဲမှု လမ်း ကွန်ရက် ဆက်စပ်မှုနှင့်   ၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရ လက်ထက် တည်ဆောက်ခဲ့သော မြောက် ဥက္ကလာပ၊တောင်ဥက္ကလာပနှင့် သာကတေမြို့နယ်တို့ကို တစ် ဆက်တစ်စပ်တည်း သွားလာ နိုင်ရန်နှင့် အနာဂတ်အတွက် စဉ်းစား တည်ဆောက်ခဲ့သော လမ်းဖြစ်ခြင်းကြောင့် ယနေ့ ဝေဇယန္တာလမ်းသည် ရန်ကုန် မြို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေး စသည့်အရေး များပါဝင်သော လမ်းတစ်လမ်း  အဖြစ် ဆက်လက်ရပ်တည်နိုင် ပြီး  နိုင်ငံတကာ စံသတ်မှတ် ချက်များနှင့်အညီ လမ်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ       ကို ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိ နိုင်ငံတကာ ရေစီး ကြောင်းအရ ပြောင်းလဲနေသော စက်သုံးဆီ ဒီဇယ်ဆီ CNG သုံးမော်တော်ယာဉ်များ စနစ်မှ အင်ဂျင်မပါ စက်သုံးဆီမလိုဘဲ ဘက်ထရီကို အားပြုမောင်းနှင် ကြမည့် လျှပ်စစ်မော်တော် ယာဉ်စနစ်သစ်၏ ပြောင်းလဲ စိန်ခေါ်မှုကိုလည်း ကြိုတင်မျှော် မှန်း ကြိုးပမ်းလျက်ရှိကြောင်း မျိုးဆက်သစ် အင်ဂျင်နီယာက ယခုလိုရှင်းလင်း၍ သိရသည်။

ဝေဇယန္တာလမ်း  အဆင့် မြှင့်တင်လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ  စံသတ်မှတ်ချက် များအတိုင်းရရှိစေရန် သက် ဆိုင်ရာ ဌာနပူးပေါင်းရေးအဖွဲ့ များက ဆောင်ရွက်နေသည့် လုပ်ငန်းများမှာ မူလကွန်ကရစ် ခြောက်လမ်းအား ကတ္တရာ ကွန်ကရစ် AC ထပ်ပိုးလွှာခင်း ခြင်း လမ်းသားတိုးချဲ့ပြီးအနှေး ယာဉ်စက်ဘီးလမ်းသစ် ဖော် ထုတ်တည်ဆောက်ခြင်း၊ ရေရှည်လမ်း ကြံ့ခိုင်မှုရှိစေရန် လမ်းဘေး ဝဲ/ယာရှိ အုတ်ရေ မြောင်းများ ရေစီးရေလာကောင်း မွန်စေရန် ပြုပြင်ထိန်းသိမ်း ခြင်း၊ လမ်းလယ်ကျွန်းရှိ သစ်ပင် များ ပုံသွင်းပြုပြင်ထိန်းသိမ်းခြင်း၊ မီးဘေးအန္တရာယ် ကာကွယ်မှု မီးသတ်ရေငုတ်များ ပြုပြင် အသစ်လဲခြင်း၊ ယာဉ်လမ်းအမှတ်  အသားများပြုလုပ်ခြင်း၊ လူကူး မျဉ်းကြား၊ အချက်ပြမီးပွိုင့်၊ လမ်းညွှန်ဆိုင်းဘုတ် စသည်တို့ကို စနစ်တကျဖြင့် မြို့တော်စည်ပင် က ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် လမ်းလယ်ကျွန်း နေရာများတွင် လျှပ်စစ်ဓာတ် တိုင်များ စိုက်ထူနေမှု၊ လမ်းနှင့် မလွတ်ကင်းသော ဓာတ်တိုင်၊ တယ်လီဖုန်းတိုင်နှင့် အင်တာ နက်ကြိုးများ  စနစ်တကျရှိစေ ရန် ပြုပြင်ထိန်းသိမ်းနေမှု စသည်များကို သက်ဆိုင်ရာ ပူးပေါင်းရေးအဖွဲ့များက ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။

သတင်း၊ဓာတ်ပုံ-စောလှိုင်ဝင်း






အခြားဆက်စပ်သတင်းများ