နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ကမာရွတ်ခရိုင်အတွင်းရှိသီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

ရန်ကုန် မတ်  ၂၀

ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ တို့ပူးပေါင်း၍  ကမာရွတ်ခရိုင် သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့်နဝကမ္မ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ပွဲကို ယနေ့နံနက် ၉ နာရီက ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ခေမာရာမ သီလရှင်စာသင်တိုက် ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော် မော်သန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ ဗဟန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ် ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာ အဖွဲ့တို့မှ တာဝန်ရှိသူများတက် ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ  တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ကို ဖွင့်လှစ်ပေးပြီး ခေမာရာမ သီလရှင်စာသင်တိုက်၊ ပဓာန နာယက၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ မြို့နယ်သီလရှင်အမှု ဆောင်အဖွဲ့ဥက္ကဋ္ဌ ဆရာကြီး ဒေါ်ထေရီထံမှ  ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ ပင့်ဖိတ် ထားသော သီလရှင်များမှ မေတ္တာသုတ်ပရိတ်တရားတော် များအား ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းရာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်းက ခေမာ ရာမသီလရှင် စာသင်တိုက်ကို လည်းကောင်း၊ လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး၏ဇနီး  ဒေါ်နီနီထွန်းက သက္ကနိမ္မိတာရုံ စာသင်တိုက်နှင့် မဟာပညာ ရာမသီလရှင် စာသင်တိုက်ကို လည်းကောင်း၊ စည်ပင်သာယာ ရေးဝန်ကြီး၏ဇနီး ဒေါ်စမ်းစမ်း အေးက ကျောက်တန်းသီလရှင် စာသင်တိုက်နှင့် ဟင်္သတသီလရှင် စာသင်တိုက်ကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး၏ဇနီး ဒေါ်နီ နီစန်းက ရွှေကြာရုံသီလရှင် စာသင်တိုက်နှင့် အောင်သိဒ္ဓိ သီလရှင်စာသင်တိုက်ကိုလည်း ကောင်း၊ လူမှုရေးရာဝန်ကြီး၏ ဇနီး ဒေါ်စောသန္တာသီကသာရဝေါ သီလရှင် စာသင်တိုက်နှင့် သဒ္ဓမ္မ ဂုဏ်ရည်သီလရှင်စာသင်တိုက် ကိုလည်းကောင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ၏ဇနီး ဒေါ်ဖြူဖြူစိန်က သဒ္ဓမ္မနန္ဒီ (ရွှေဂွန်း) သီလရှင်စာသင်တိုက် နှင့် စန္ဒာရာမသီလရှင်စာသင် တိုက်အားလည်းကောင်း၊ တိုင်း ဒေသကြီး၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များမှ တာဝန် ရှိသူများကသီကနန္ဒီ (သုံးခွ) သီလရှင်စာသင်တိုက်၊ အလယ် တောရစာသင်တိုက်၊ မင်းကွန်း တောရသီလရှင် စာသင်တိုက်၊ သမိဒ္ဓေါဒယ မော်လမြိုင်သီလရှင် စာသင်တိုက်၊ ပဏ္ဍိတရာမသီလ ရှင်စာသင်တိုက်၊ ရတနာကျော် မော်သီလရှင် စာသင်တိုက်၊ယမုံ နာသီလရှင်စာသင်တိုက်၊ ရတနာ သီင်္ဂီ သီလရှင်စာသင်တိုက်၊ သမိဒ္ဓေါဒယဖျာပုံ သီလရှင် စာသင်တိုက်တို့အား ဆွမ်း ဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထု ငွေများ ဆက်ကပ်လှူဒါန်းသည်။ 

ထို့နောက် လှူဒါန်းမှုအစုစု အတွက် သီလရှင်ကြီးများက ဝမ်းမြောက်ကြောင်း အနုမောဒနာ စကားပြောကြားပြီး ရေစက် သွန်းချအမျှဝေကာ ဗုဒ္ဓသာသ နံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းသည်။

မိုးမြင့်မောင်







အခြားဆက်စပ်သတင်းများ