နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမည့်လူနာများအား ထောက်ပံ့ငွေများပေးအပ်၊ လျှပ်စစ်ကား Charging Station များဖွင့်လှစ်

 ရန်ကုန် ၊ မတ်၊  ၂၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက လမ်းမတော် မြို့နယ် အထူးကုဆေးရုံကြီး ခုတင် ၅၀၀ တွင် ပါမောက္ခချုပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသီတာလှ၊ တိုင်း ဒေသကြီး ကျန်းမာရေးဦးစီး ဌာနဦးစီးမှူး ဒေါက်တာဌေးလွင်၊ ခုတင် ၅၀၀ ဆေးရုံအုပ်ကြီးနှင့် ရန်ကုန်မြို့၏ ကိုယ်အင်္ဂါအစားထိုး ကုသမှုကျင့်ဝတ်ဆိုင်ရာ လုပ်ငန်း အဖွဲ့ တာဝန်ရှိသူများအား တွေ့ဆုံ၍ ကျောက်ကပ်အစား ထိုးခွဲစိတ်ကုသမှု ပြုလုပ်နိုင်‌ရေး မေးမြန်းကာ ခွဲစိတ်မည့်အဖွဲ့များ နှင့်လူနာများအား ထောက်ပံ့ ငွေများပေးအပ်ပြီး အားပေး စကားပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး၊ ခုတင် ၅၀၀ ဆေးရုံအုပ်ကြီးနှင့် ရန်ကုန်မြို့၏ ကိုယ်အင်္ဂါအစား ထိုးကုသမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ တာဝန်ရှိသူများသည် Ethical Committee အစည်းအဝေး ပြုလုပ်ခဲ့ပြီး ပထမအတွဲလူနာ မယူဇာရည်နှင်း၊ အသက် ၂၀ နှစ်အတွက် ဖခင်ဖြစ်သူ ဦးသန့် ဇော်မျိုး အသက် ၄၇ နှစ်၏ ကျောက်ကပ်ဖြင့် လည်းကောင်း  ဒုတိယအတွဲ ဦးစိုင်းစိုးသူ၊ အသက် ၄၅ နှစ်အတွက် ညီအစ်ကိုအရင်း တော်စပ်သူ ဦးသိန်းဝင်းလှိုင် အသက် ၄၃ နှစ်၏ ကျောက်ကပ် ဖြင့်လည်းကောင်း အစားထိုး ခွဲစိတ်ကုသမှု ပြုလုပ်မည်ဖြစ် ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အမျိုးသား အဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးဆောင်ကော်မတီ ၏လမ်းညွှန်မှုဖြင့်  ရန်ကုန်မြို့ သို့ တင်သွင်းရောက်ရှိပြီးသော လျှပ်စစ်ကားများအတွက် Char- ging Station  များဖွင့်လှစ်ခြင်း ကို ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်၊ သခင်မြပန်းခြံနှင့်  လှည်းကူး မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း ၁ မိုင်၊ ၁ ဖာလုံ တို့ရှိ Charging Station များ တွင်ကျင်းပသည့် အခမ်းအနား များသို့ တက်ရောက်သည်။

ရှေးဦးစွာ အလုံမြို့နယ်ရှိ Chin Dwin Shan Construction Co.,Ltd က တည်ဆောက်ဖွင့် လှစ်သော 60 KW DC Fast Charging Station ဖွင့်ပွဲအခမ်း အနားတွင်   လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများ အကောင် အထည်ဖော်ရေးလုပ်ငန်း ကော် မတီဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက အမှာစကားပြော ကြားသည်။

ထို့နောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကုမ္ပဏီ တာဝန်ရှိသူများက Charging Station ကို ဖဲကြိုး ဖြတ်၍လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက စက်ခလုပ်နှိပ်၍ လည်းကောင်း ဖွင့်လှစ်ပေးကြ သည်။

ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စုပေါင်း ဓာတ်ပုံရိုက်ကူးကြပြီး Charging Station နှင့် မော်တော်ယာဉ်များ ကို လှည့်လည်ကြည့်ရှုကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လှည်းကူး မြို့နယ် ၁ မိုင်၊ ၁ ဖာလုံတွင် Renewable Energy Co .td ၏ EV  Charging  Station ဖွင့်ပွဲသို့ တက်ရောက်၍  ဖွင့်လှစ်ပေးကြ ပြီး စုပေါင်းဓာတ်ပုံရိုက်ကူးကာ Charging Station နှင့် မော်တော်ယာဉ်များကို လှည့် လည်ကြည့်ရှုကြသည်။

 လျှပ်စစ်ယာဉ်များအတွက် Charging Station များတည် ဆောက်ရန် နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊ မန္တလေးမြို့တွင် ငါး နေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါး နေရာ စုစုပေါင်း ၁၉ နေရာကို တည်ဆောက်ခဲ့ပြီး နေပြည်တော် သပြေကုန်းဈေးတွင် စတင်ဖွင့် လှစ်၍ EV Taxi များပြေးဆွဲ နေပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်ဘူတာကြီးရှေ့၊ လှိုင်မြို့ နယ် သီရိမင်္ဂလာဈေးနှင့် အလုံ မြို့နယ် သခင်မြပန်းခြံနှင့်အမြန် လမ်း တစ်မိုင်တစ်ဖာလုံတို့တွင် ဖွင့်လှစ်ခဲ့ပြီး မြောက်ဥက္ကလာပ မြို့နယ် အောင်မင်္ဂ လာအဝေးပြေး ယာဉ်ရပ်နားစခန်း၊ လှိုင်သာယာ မြို့နယ် ဒဂုံ-ဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတို့တွင် တည် ဆောက်နေသည့် Charging Station များကို ဆက်လက်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

ယခုကဲ့သို့ စက်သုံးဆီရှားပါး လာမှုနှင့် ဈေးနှုန်းမြင့်မားနေ ချိန်တွင် လျှပ်စစ်သုံးကားများ အသုံးပြုခွင့်ရခြင်းသည် ပြည်သူ များအတွက် သွားလာရေးစရိတ် များ စက်သုံးဆီကားများထက်  ပိုမိုသက်သာစေမည်ဖြစ်၍၊ Pilot Project   ၁၉  နေရာအပြင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော်လေဆိပ်၊ နေပြည်တော်ဘူတာကြီးနှင့် မန္တလေးဘူတာကြီးတို့တွင် Charging Station များ တည် ဆောက်ခွင့်ပြုထားပြီးဖြစ်သည်။

ထို့ပြင် အဓိကလမ်းမကြီး များဖြစ်သော ရန်ကုန်-မန္တလေး၊ ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန် -ပြည်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ဘုရားကြီး - သထုံ- မော်လမြိုင် လမ်း၊ မိတ္ထီလာ- ကျောက်ပန်း တောင်း- ညောင်ဦးလမ်း၊ မိတ္ထီ လာ - တောင်ကြီးလမ်း၊ မန္တလေး - ပြင်ဦးလွင် - လားရှိုးလမ်းစ သည့် နိုင်ငံ၏အသက်သွေးကြော လမ်းမကြီးများပေါ်တွင်လည်း Charging Station တည် ဆောက်ရန် ကြိုတင်လေ့လာ မှုများပြုလုပ်ပြီး ဦးဆောင် ကော်မတီ၏ လမ်းညွှန်မှုဖြင့် တစ်နိုင်ငံလုံးတွင် အပိုင်းလိုက် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။   

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ