နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖျာပုံမှ ရန်ကုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ ၁၂၀ဝ၀ ကျော်အထိ တိုးမြှင့်တင်ပို့နေ

ရန်ကုန်   မတ် ၂၀

ယခုရက်ပိုင်း ဖျာပုံခရိုင်မှ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ဆန်အိတ် ရေ ၁၂၀၀၀ ကျော်အထိတင်ပို့နေပြီး ဆန်ဈေးလည်း ဈေးကောင်းရရှိ နေကြောင်း သိရသည်။

ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ စသည့်မြို့နယ်များ၌ နွေစပါးများ စတင်ထွက်ရှိချိန်ဖြစ်ပြီး ယခင်က ဖျာပုံခရိုင်မှနေ၍ ရန်ကုန်မြို့သို့ တစ်ရက်လျှင် ဆန်အိတ်ရေ  ၁၀၀၀၀ ခန့်တင်ပို့နေရာမှ ယခုအခါ ဆန်အိတ်ရေ ၁၂၀၀၀ ကျော်အထိ တိုးမြှင့်တင်ပို့နေသည်။

ထို့ပြင် ရန်ကုန်မှတစ်ဆင့် နေပြည်တော်၊ မန္တလေး၊ မြိတ်၊ ထားဝယ်သို့ တင်ပို့နေပြီး ဖျာပုံခရိုင်မှ နိုင်ငံတစ်ဝန်းသို့ နေ့စဉ်ဆန် အိတ်ရေ ၅၀၀၀၀ ကျော်ခန့်တင်ပို့နေသည်။

ဖျာပုံခရိုင်မှ နိုင်ငံတစ်ဝန်းသို့တင်ပို့သောဆန်များထဲတွင် ရက် ၉၀ ဆန်၊ လုံးပုံ၊ လုံးသွယ်၊ GW11 နှင့် သီးထပ်ရင် စသည့်ဆန်မျိုးများ ပါဝင်ပြီး၊ လက်ရှိတွင် ဖျာပုံခရိုင်အတွင်း၌ ဆန်အမျိုးအစားပေါ် မူတည်ကာ ဆန်တစ်အိတ်လျှင် ငွေကျပ် ၅၄၀၀၀ မှ ၅၆၀၀၀ အထိ ပေါက်ဈေးရှိနေသည်။                                         

ဆောင်းဦး






အခြားဆက်စပ်သတင်းများ