နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှင်းမည်းလေးရဲ့ဒဏ္ဍာရီ သုတရသကဗျာစာအုပ် မိတ်ဆက်

ရန်ကုန်   မတ် ၂၀

စာရေးဆရာ၊ ကဗျာဆရာ တောပျော်၏နှင်းမည်းလေးရဲ့ဒဏ္ဍာရီ သုတရသ ကဗျာစာအုပ်မိတ်ဆက်ပွဲကို မတ် ၁၉ ရက် နေ့လည် ၁ နာရီက ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးဘက်စုံခန်းမ၌ကျင်းပသည်။ အခမ်းအနားမှူးအဖြစ် စာရေး ဆရာမ ဒေါ်ကြူကြူလွင် (ပန်းကြိုက်ခင်-ဒိုက်ဦး) အခမ်းအနား ဖွင့်လှစ်ပေးသည်။

ထို့နောက် စာရေးဆရာ ဦးခိုင်ချစ်အောင်မှအဖွင့်အမှာစကားပြောကြားပြီး၊အမျိုးသားစာပေဆုရှင် စာရေးဆရာ မောင်ခြိမ့်က နှင်းမည်းလေးရဲ့ဒဏ္ဍာရီ သုတရသ ကဗျာစာအုပ် မြန်မာ / အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေမှုအပေါ် မုဒိတာစကားပြောကြားပေးသည်။

ထို့နောက် ပန်းနုစံအိမ်စာအုပ်တိုက်ပိုင်ရှင်ဆရာမ ဒေါ်မြသက် နွယ်က စာပေချစ်သူများအတွက် သုတရသစာပေများ ဖတ်ရှုနိုင် စေရန်နှင့် စာကောင်းပေကောင်းများတိုးတက်ပျံ့နှံ့ကာ ကလေး သူငယ်များမှအစ အရွယ်ရောက်သူလူငယ်နှင့် လူကြီးပါမကျန်၊ စာဖတ်ခြင်းဓလေ့ရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ ဦးညီညီနိုင်ကလည်း စာအုပ်ဖြစ် မြောက်စေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအခြေအနေများရှင်းလင်းပြောကြားသည်။ ထို့နောက် ကြွရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ စာရေးဆရာ/ဆရာမများ ဖိတ်ကြားထား သောဧည့်သည်တော်များ စာပေဝါသနာရှင်များအား စာရေးဆရာ တောပျော်က ကိုယ်တိုင်ရေးကိုယ်ပိုင်သံစဉ်တေးသီချင်းများဖြင့်      ဖျော်ဖြေ၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။       

မောင်မောင်(တာမွေ)






အခြားဆက်စပ်သတင်းများ