နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသည်းရောဂါ သတိပြုဆင်ခြင်

ရန်ကုန်   ဇွန်   ၂၀


ကမ္ဘာပေါ်တွင် နှစ်စဉ်အသည်းရောဂါဖြင့်လူတစ်သန်းခန့်သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာစသော အသည်းနှင့် ပတ်သက်၍ ရောဂါအကြောင်းရင်းမှာ အသည်းရောင်၊ အသားဝါ၊ ဘီပိုး၊ စီပိုးများကူးစက်ခံရခြင်းဖြစ်ကြောင်း ပညာရှင်တို့က လေ့လာတွေ့ရှိထားကြသည်။ 

အသည်းရောင်ဘီပိုးနှင့် စီပိုးသည် နာတာရှည်ရောဂါများအဖြစ်ကူးစက်နိုင်ပြီး သတိမပြုမိပါကလည်း အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားလေ့ရှိသည်။ အသည်းရောင်ရောဂါကိုဖြစ်စေသည့် ဘီပိုးနှင့် စီပိုးသည် ကူးစက်ရန်လွယ်ကူပြီး စနစ်တကျကုသမှုခံယူသင့်သည်။ လူအများတွင် အသည်းရောဂါဖြစ်ပွားရ ခြင်းအကြောင်းအရင်းမှာ သန့်ရှင်းမှုအားနည်းခြင်းကြောင့်ဖြစ်ရသည်ဟု ပညာရှင်တို့ကဆိုကြသည်။ 


မသန့်ရှင်းသောရေ၊ မသန့်ရှင်းသောအစားအစာတို့မှတစ်ဆင့် အသည်းရောဂါဖြစ်ပွားနိုင်သည်။ ရောဂါ ဖြစ်ပွားပါက စနစ်တကျကုသမှုခံယူသင့်သည်။ သို့ရာတွင် လူအများစုသည် သွေးစစ်ဆေးမှုအားနည်းကြ သဖြင့် ဘီပိုး၊ စီပိုးကူးစက်ခံနေရသည်ကို သတိမပြုဘဲဖြစ်ကြရသည်။ 

ယနေ့ လူမှုပတ်ဝန်းကျင်တွင် တွင်ကျယ်စွာပျံ့နှံ့လွယ်ပြီး အမျိုးသားတို့လူမှုဘဝကိုထိခိုက်လွယ်ဆုံးဖြစ် သည့် အရက်သေစာသောက်စားမှုကြောင့် ထိခိုက်စေသောရလဒ်များဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။ ယခု အခါ ပြည်တွင်း၊ ပြည်ပထုတ်အရက်အမျိုးမျိုးကို လွယ်ကူစွာဝယ်ယူသောက်သုံးနိုင်မှုကြောင့် ကျန်းမာရေးနှင့် လူမှုဘဝများပျက်ပြားလာခြင်းဖြစ်သည်။ 


ယခုအခါ ဘီပိုးကာကွယ်ဆေးများကို အစိုးရမဟုတ်သောလူမှုရေးအဖွဲ့အစည်းများကဦးဆောင်၍ ဌာန ဆိုင်ရာများတွင်ထိုးနှံပေးလျက်ရှိသည်။ မည်သို့ပင်ဆိုစေ လူအများ၏ကျန်းမာရေးကို ခြိမ်းခြောက်လာသော အသည်းရောဂါအမျိုးမျိုးမဖြစ်ပွားအောင် ဆင်ခြင်စားသောက်ရန်လိုအပ်လာပြီဖြစ်သည်။ မိမိတို့ ဘီပိုး၊ စီပိုး ကူးစက်ခံရခြင်းရှိ၊ မရှိ သွေးစစ်ဆေးမှုခံယူကြခြင်းဖြင့် အသည်းရောဂါကြောင့်ဖြစ်ပွားလာမည့် နောက်ဆက်တွဲ ရောဂါများကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ။






အခြားဆက်စပ်သတင်းများ