နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်  မတ်  ၁၅

ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၃ နာရီ က မြို့တော် ခန်းမ၊ ပထမထပ် ရှိ အစည်းအဝေးခန်းမ ၄ ၌ ကျင်းပရာ ၁၃၈၄ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေ သဘင်ပွဲတော်ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန် မြို့တော်ဝန်ကိုယ်စား၊ ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မ တီအတွင်းရေးမှူး၊ ကော်မတီ ဝင်များ၊ ဌာနမှူးများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ  ဒုတိယဥက္ကဋ္ဌ၊      

ဒုတိယမြို့တော်ဝန်က အမှာ စကား  ပြောကြားရာတွင်“ယခု နှစ်တွင် မဟာသင်္ကြန်ရေ သဘင်ပွဲတော်ကို ပြည်သူ များ ပျော်ရွှင်အေးချမ်းလုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကား သိုက်မြိုက်စေရေးအတွက် ပြည်သူ့ရင်ပြင်တွင် ရန်ကုန်တိုင်း ဒေသကြီး မဟာသင်္ကြန်ရေ သဘင်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေ ရေးမဏ္ဍပ်များ ပြုလုပ်သွားမည့် အပြင် ရန်ကုန်မြို့တော် မဟာ သင်္ကြန်ရေ သဘင်ပွဲတော်၏ဂုဏ် ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော် ခန်းမတွင်လည်း ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည်ကားကား ကျင်းပသွား မည်ဖြစ်ကြောင်း၊ ထို့အပြင် ခရိုင် အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှဖျော်ဖြေမှုများ အပြင် မြို့နယ်များနှင့် ပုဂ္ဂလိက တစ်ဦးချင်းအလိုက် ရေကစား မဏ္ဍပ်များ ပြုလုပ်သွားမည်ဖြစ် ရာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ဆောင် ရွက်မည့် ရန်ကုန်မြို့တော်မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ပြင်ဆင်ထား မှုများကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်/ မြို့နယ်များမှာလည်း နမူနာယူ၍ ပွဲတော်စည်ကား  အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဖိတ်ကြားရှင်းလင်း ခြင်းဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် များအနေဖြင့် ပြင်ဆင်ဆောင် ရွက်ထားရှိမှုများနှင့် လိုအပ် ချက်များကို တင်ပြပြီးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြ ရန်ဖြစ်ကြောင်း” ပြောကြာသည်။

ဆက်လက်၍ လုပ်ငန်း ကော်မတီ  တွဲဖက်အတွင်းရေး မှူး (၁)၊ စီမံရေးရာဌာန၊ ဌာနမှူးက လုပ်ငန်းကော်မတီနှင့် ဆပ် ကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်း တင်ပြပြီး တက်ရောက်လာ သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင် အလိုက် လုပ်ငန်းဆောင်ရွက် မည့် အခြေ အနေများ၊ ယိမ်းအဖွဲ့ ပြင်ဆင် ဆောင်ရွက်မှုများနှင့် ရေနှင့် သန့်ရှင်းရေးဆိုင်ရာ လိုအပ်ချက်များအား ရှင်းလင်း တင်ပြရာ ဒုတိယမြို့တော်ဝန်မှ လိုအပ်သည်များကို သက်ဆိုင် ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးသည်။

ထို့နောက် အစည်းအဝေး  ဒုတိယပိုင်းအစီအစဉ်အရ ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဆက်လက်ကျင်းပရာ တက် ရောက်လာကြသည့် အခမ်း အနားပြင်ဆင်ရေးနှင့် ဖွင့်ပွဲ၊ ပိတ် ပွဲကျင်းပရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ဖျော်ဖြေတင် ဆက်မှုစီစဉ်ရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော် မတီ၊ လမ်းရှင်းလင်းရေးနှင့် ယာဉ်ကြောထိန်းသိမ်းရေး ဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေး၊ ဆုချီးမြှင့်ရေးနှင့် ဆုရသူများ စုစည်းရေး ဆပ်ကော်မတီ၊အကဲ ဖြတ်ဆပ်ကော်မတီ၊ ကျန်းမာ ရေးဆပ်ကော်မတီ၊ သန့်ရှင်း ရေးဆပ်ကော်မတီ၊ ကြိုဆို နေရာချထားရေး ဆပ်ကော်မတီ နှင့် မဟာသင်္ကြန်ကျင်းပရေး ကော်မတီရုံးအဖွဲ့တို့မှ ပြင်ဆင် ဆောင်ရွက်မှုများအား အသီးသီး တင်ပြကြရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယခုနှစ်ကျင်းပမည့်  ရန်ကုန် မြို့တော် မဟာသင်္ကြန်ရေ သဘင်ပွဲတော်တွင် မြို့တော် ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင် များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ ယဉ်ကျေးမှု အကအလှဖျော် ဖြေမှုများဖြင့် ပြည်သူများ ကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံ ပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/ အခြားဌာနများ၊ အလွတ် တန်းအဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦး ယိမ်းပြိုင်ပွဲ များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက ဖျော်ဖြေမှုများ ပါ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ