နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မည်

လန်ဒန်  မတ် ၁၅

လာမည့် နှစ်နှစ်အတွင်း ဗြိတိန် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ  ခြောက် ဘီလီယံ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်က မတ် ၁၄ ရက်တွင် ကတိပြုပြောကြား သည်။

ယင်းသည် ယူကရိန်းအရေးနှင့် တရုတ်နိုင်ငံတို့၏ အင်အားကြီးထွား လာမှုအပေါ်  စိုးရိမ်ပူပန်မှုများကို တုံ့ပြန်သည့်အနေဖြင့် ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ရန်  လုပ်ဆောင် ခြင်းဖြစ်ကြောင်း သိရသည်။

အသုံးစရိတ် တိုးမြှင့်မှုသည် ဗြိတိန်၏ နိုင်ငံခြားရေးနှင့် ကာကွယ် ရေးမူဝါဒပိုင်းဆိုင်ရာအတွက် ကြီးမား သည့် ပြင်ဆင်ပြောင်းလဲမှုဖြစ်သော် လည်း ကာကွယ်ရေးအရာရှိများကမူ ယင်းတို့လိုလားသည့် အတိုင်းအတာ ထက် ပြင်ဆင်ပြောင်းလဲမှု နည်းပါး သည်ဟုဆိုသည်။

ယခုတိုးမြှင့်သုံးစွဲရန် လျာထား သည့်ငွေများကို ဗြိတိန်၏ လက်နက် ခဲယမ်းသိုလှောင်မှု ပမာဏဖြည့်တင်း သည့် နေရာတွင် သုံးစွဲသွားမည်ဖြစ်ပြီး အချို့ကို ဗြိတိန်၊ အမေရိကန်နှင့် ဩစတြေးလျ သုံးနိုင်ငံ ရေငုပ်သင်္ဘော တည်ဆောက်ရေး သဘောတူညီချက် အတွက် ဦးတည်သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။               

(ref: AP)







အခြားဆက်စပ်သတင်းများ