နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းဂျုံတင်ပို့မှု သဘောတူညီချက် ရုရှားဘက်မှ ရက် ၆၀ သက်တမ်းတိုးခွင့်ပြု

ဂျီနီဗာ  မတ်  ၁၅

ရုရှားဘက်မှ ယူကရိန်းဂျုံတင်ပို့မှု  သဘောတူညီချက်ကို ရက် ၆၀ အထိ သက်တမ်းထပ်တိုး ခွင့်ပြုလိုက်ကြောင်း သိရသည်။

ဂျီနီဗာတွင် မတ် ၁၄ ရက်က ပြုလုပ် သော ကုလသမဂ္ဂနှင့်ဆွေးနွေးမှုအပြီး တွင် ရုရှားဘက်က နိုင်ငံအားလုံး စိုးရိမ်နေသည့်အတိုင်း ပင်လယ်နက်မှ တစ်ဆင့် ဂျုံတင်ပို့မှုကို ရပ်တန့်မည် မဟုတ်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် ၎င်းအနေဖြင့် မူလက သဘောတူညီချက်အတိုင်း ရက် ၁၂၀ မဟုတ်ဘဲ ရက် ၆၀ အထိသာ သက်တမ်းတိုး ခွင့်ပြုမည်ဖြစ်ကြောင်း ပြောသည်။

ယူကရိန်းသည် ကမ္ဘာ့ထိပ်တန်း ဂျုံထုတ်လုပ်သည့် နိုင်ငံများတွင် ပါဝင်သည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခု သဘောတူညီချက်သည် ပဋိပက္ခ ကြောင့်ဖြစ်ပွားခဲ့သော ကမ္ဘာ့စားနပ် ရိက္ခာ အကျပ်အတည်းကို သက်သာ စေရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

(ref:AFP)







အခြားဆက်စပ်သတင်းများ