နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီအတွင်း မီးလောင်မှုများကြောင့် လူ ၁၁ ဦးသေဆုံး၊ ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်  မတ်    ၁၅

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီအတွင်းဖြစ်ပွားခဲ့သည့် မီးလောင် မှုများကြောင့် လူ ၁၁ ဦးသေဆုံးခဲ့ပြီး အခြားသူ ၂၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် မီးလောင်မှုစုစုပေါင်း ၁၉၃ မှု ဖြစ်ပွားခဲ့ကြောင်း ယမန်နှစ်အလားတူကာလက မီးလောင်မှု ၂၅၄မှု ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦးသေဆုံးကာ၊ ၁၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့်  ကျပ်သန်းပေါင်း ၄၄၃ ဒသမ ၄၂ ဆုံးရှုံးမှုရှိခဲ့သည် ။ 

ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသ ကြီးတို့တွင် မီးလောင်ကျွမ်းမှုအများဆုံးဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းများမှာ ပေါ့ဆမီး၊ ဝါယာရှော့ခ်ဖြစ်ပွားခြင်း၊ ရှို့မီး၊တောမီးလောင်ကျွမ်းခြင်းနှင့် မိုးကြိုး ပစ်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

၂၀၂၂  ခုနှစ်တွင် မီးလောင်ကျွမ်းမှုပေါင်း ၁၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၆ ဦးသေဆုံးခဲ့ကာ  ၁၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။                                                                       

CN – 033







အခြားဆက်စပ်သတင်းများ