နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစားအစာဘေးကင်း လုံခြုံစေရေးနှင့်ကျန်းမာရေး အထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနနှင့်တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန၊ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနတို့သည် ပြည်သူအများ အစားအစာဘေးကင်း လုံခြုံစေရေးနှင့်ကျန်းမာရေး အထောက်အကူပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မတ် ၁၄ ရက် နံနက်ပိုင်းက  ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မစျေးနှင့်စံပြရန်ကင်းစျေးများအတွင်း ပြည်သူ့ ကျန်းမာရေးဌာန၊ ဌာနမှူး ဒေါက်တာမြင့်သန်းထွန်း၊ သင်္ဃန်းကျွန်းခရိုင်မှူး ဒေါက်တာ ကိုကိုထွန်း၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနမှဌာနမှူး ဦးစောလင်းနှင့်ဒုတိယဌာနမှူး ဒေါက်တာလှမေဦး၊ စျေးများနှင့်ကုန်စည်ပွဲရုံများဌာန ခရိုင်မှူး၊ စျေးတာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်း၍ စျေးတွင်ရောင်း ချနေသောအသား၊ ငါးများလတ်ဆတ်ခြင်းရှိ၊မရှိစစ်ဆေးခြင်း၊ပဲပြား၊ ဝက်သွေး၊ ကြက်သွေးများတွင် ဖော်မလင်ပါဝင်ခြင်းရှိ၊မရှိစစ်ဆေးရန် နမူနာယူခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ နှာခေါင်းစည်းနှင့်ပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းများကို ပူးပေါင်း ဆောင်ရွက်ကြစဉ်။

ယဉ်မွန်






အခြားဆက်စပ်သတင်းများ