နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်များ တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်ခြင်းမပြုရ ကမ်ပိန်းပြုလုပ်

ရန်ကုန် မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(YRSC) ၏လမ်းညွှန်မှုအတိုင်း ရန်ကုန် တိုင်းဒေသကြီး၊ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)အနေဖြင့် ရန်ကုန်မြို့တွင် သွားလာနေ သည့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့်ယာဉ် ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရန် "YBS ယာဉ်များ တစ်စီးနှင့် တစ်စီးကျော်တက် မောင်းနှင် ခြင်းမပြုရ "ကမ်ပိန်းကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ဆူးလေမြို့တော်ခန်းမဘေးကားမှတ်တိုင်နှင့်သခင်မြ ပန်းခြံကားမှတ်တိုင်တို့တွင် ပြုလုပ်သည်။ (ပုံ)

"ယာဉ်တစ်စီးနဲ့တစ်စီးကားကြီးတွေကျော်တက်လိုက်တာနဲ့လမ်းတွေပိတ်ဆို့သွားတာဖြစ်ပါတယ်။ပြီးတော့ခရီး သွားပြည်သူတွေအနေနဲ့လည်း ယာဉ်အန္တရာယ်ဖြစ်ပေါ်စေပါတယ်၊ဒီအန္တရာယ်တွေမဖြစ် ပေါ်အောင် တားဆီးတဲ့အနေနဲ့ ဒီကမ်ပိန်းကို လုပ်ဆောင်တာ ဖြစ်ပါတယ်၊ ကျော်တက်တဲ့ YBS ယာဉ်တွေကိုလည်းအရေး ယူဆောင်ရွက်ပါတယ်။ တစ်ခါ ကျော် တက်တာမိတိုင်း တစ်သောင်းဒဏ်ကြေးပေးဆောင်စေပါတယ်၊ ဒီလိုပြုလုပ်တာက လည်း ငွေလိုချင်လို့ ပြုလုပ် တာမဟုတ်ပါဘူး၊ယာဉ်မောင်း တွေ စည်းကမ်းလိုက်နာဖို့နဲ့ ခရီးသွားတွေ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ပြုလုပ်ခြင်းဖြစ် ပါတယ်" ဟု (YRTC) တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန် က ပြောသည်။

 YBS  ယာဉ်များ တစ်စီးနှင့် တစ်စီးကျော်တက်သည့် ကျူး လွန်မှုကို ဖေဖော်ဝါရီ ၁ ရက် က စတင်အရေးယူဆောင်ရွက် လျက်ရှိရာ မတ် ဒုတိယပတ် အထိ YBS ယာဉ်အစီးရေ ၁၀ဝ ခန့် အရေးယူဆောင်ရွက်ခဲ့ပြီး YRTC  က                   ပြဌာန်းထားသည့်  ၁၃၈ ချက်သော  စည်းကမ်းချက် များအတိုင်း အရေးယူဆောင် ရွက်လျက်ရှိသည်။ 

YRTC  အနေဖြင့် ရန်ကုန် မြို့တွင် တစ်နေ့လျှင် YBS ယာဉ်လိုင်း ၁၁၇ လိုင်းက YBS ယာဉ်အစီးရေ ၅၀ဝ ကျော် ဖြင့် ခရီးသွားပြည်သူ ၁၅ သိန်း ကျော်ကို ဝန်ဆောင်မှုပြုလုပ်ပေး လျက်ရှိသည်။

နန္ဒာဆွေ(မြို့တော်)






အခြားဆက်စပ်သတင်းများ