နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန့်ရှင်းသာယာသပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  မတ် ၁၅

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက် ပိုင်းက လှိုင်မြို့နယ်၊ သီရိ ၄ လမ်း နှင့်  ၅ လမ်းအကြား နောက်ဖေးလမ်းကြားသန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက် နေမှု၊ သမိုင်းချောင်းသို့ စီးဝင် သည့် ဘုရင့်နောင်လမ်း ရေမြောင်းပြန်လည်တူးဖော်၍ အုတ်ရေမြောင်း တည်ဆောက် နေမှု၊ သမိုင်းချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် ဒဂုံမြို့ နယ်၊ ပြည်သူ့ရင်ပြင်နှင့်ပြည်သူ့ ဥယျာဉ်အတွင်း မဟာသင်္ကြန် ရေသဘင်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ရှေးဦးစွာ ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ သီရိ ၄ လမ်းနှင့် ၅ လမ်းသို့ သွားရောက်၍ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးက ဝန်ထမ်းများ ပူးပေါင်း အင်အား ၈၀ ဦးဖြင့် နောက်ဖေး လမ်းကြားအတွင်း စွန့်ပစ် အမှိုက်များ၊ အညစ် အကြေးများ သိမ်းဆည်း ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး အဆောက် အဦ တွယ်ကပ်ပင်များ ခုတ်ထွင် ရှင်းလင်းရန်နှင့်လမ်းတစ် လျှောက်သန့်ရှင်းသာယာသပ် ရပ်ရေး ဆောင်ရွက်ရန် မှာကြား သည်။

ထို့နောက် ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည်   ၁၀ ရပ်ကွက်၊ ဘုရင့်နောင် လမ်းသို့ သွားရောက်၍ သမိုင်းချောင်းသို့ စီးဝင်သည့် ဘုရင့်နောင်လမ်း ရေမြောင်း ပြန်လည်တူးဖော်၍ အရှည် ၆၄၀ ပေ၊ အကျယ် ၅ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်း တည်ဆောက်နေမှုနှင့်သမိုင်း ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရန်ချောင်းတိုးချဲ့ တူးဖော်နေမှုတို့ကို ကြည့်ရှုစစ် ဆေးပြီး အုတ်ရေမြောင်းတစ် လျှောက် သန့်ရှင်းသာယာသပ် ရပ်စေရေး မြေညှိပြုပြင်ရန်နှင့် လူသွားစင်္ကြံပျက်စီးမှုများကိုပြုပြင်ခင်းကျင်းရန် မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံ မြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ ရင်ပြင်နှင့်ပြည်သူ့ဥယျာဉ်သို့ သွားရောက်၍ မဟာသင်္ကြန် ရေသဘင်ပွဲတော်အတွက်ဖျော် ဖြေရေးမဏ္ဍပ်နှင့်ရေကစား မဏ္ဍပ်များ တည်ဆောက်နေမှု နှင့် ရေပက်ကစားရန် ရေပိုက် များသွယ်တန်း တပ်ဆင်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့် ဆည်းဆောင်ရွက်ပေးသည်။

သတင်း - သွင်မောင်မောင်

ဓာတ်ပုံ - ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ