နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်သည်စက်မှုအသင်းချုပ် စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေးကျင်းပ

ရန်ကုန်   မတ်  ၁၅

ကုန်သည်စက်မှုအသင်းချုပ်စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းအဝေးကို မတ် ၁၃ ရက်တွင် Hybrid စနစ်ဖြင့်ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဦးအေးထွန်း၊ ဒုတိယ ဥက္ကဋ္ဌဦးအောင်ဇော်နိုင်၊ ဒေါက်တာအောင်သိန်း၊ အတွင်းရေးမှူး  ဦးခင် မောင်ဦး၊ ကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။

အစည်းအဝေးတွင်ကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးကြပြီး စွမ်းအင်နှင့်စက်မှု ထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မဟာဗျူဟာများလေ့လာ ရေးသားအကြံပြုရန်၊လုပ်ငန်းရှင်များအတွက် လိုအပ်သော ငွေကြေး အရင်းအနှီးနှင့်နည်းပညာများ လက်လှမ်းမီနိုင်စေရေးပံ့ပိုး ကူညီပေးရန်၊ စီးပွားရေးဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် Business Networking, Supply Chain Management, Exhibition များ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ အခြေခံအဆောက်အအုံ နှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

စွမ်းအင်နှင့်စက်မှုထုတ်ကုန်လုပ်ငန်း လုပ်ငန်းရှင်များ ရှင်သန် ရပ်တည်နိုင်ရေးနှင့် အစဉ်အမြဲတိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် စွမ်းအင်နှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမူဝါဒများ   အကောင်အထည်ဖော်နိုင်ရေး၊   ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ နည်းပညာ၊လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး၊အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတို့ကိုရရှိနိုင်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် နိုင်ငံတော် GDP တိုးတက်လာစေရန်ရည်ရွယ်၍ စွမ်းအင်နှင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းထားရှိ ကြောင်း သိရသည်၊၊                                                               

CN – 033






အခြားဆက်စပ်သတင်းများ