နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

တောင်ဥက္ကလာပမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၃ ရက်၊ နံနက်ပိုင်းက မြို့ နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများကတွဲဖက်ဝန်ထမ်း များ ပူးပေါင်းအင်အား ၂၂ ဦးဖြင့် ဝေဇယန္တာလမ်းတစ်လျှောက် သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ပေးခြင်း၊ အမှတ် ၄ ရပ်ကွက်၊ သုမင်္ဂလာလမ်းနှင့်ပါရမီလမ်းထောင့်ရှိ Culvertနှင့် အမှတ် ၁၁ ရပ်ကွက်၊ သီဟသူလမ်း၊ ရာဇသင်္ကြန်ရေမြောင်းရှိ ပိတ်ဆို့အမှိုက်များနှင့် မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများဆောင်ရွက်ကြစဉ်။                                  

မလတ်






အခြားဆက်စပ်သတင်းများ