နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၇ ကြိမ်မြောက် အာဆီယံအင်လိုင်းဖရီးစတိုင် ချန်ပီယံရှစ် စကိတ်စီးပြိုင်ပွဲ မြန်မာ ငွေနှစ်ခုဆွတ်ခူး

ရန်ကုန်   မတ် ၁၄

စင်ကာပူနိုင်ငံတွင် မတ် ၈ ရက် မှ ၁၅ ရက်ထိကျင်းပလျက်ရှိသည့်  7th ASEAN Inline freestyle Championships ပြိုင်ပွဲ တွင် မြန်မာနိုင်ငံစကိတ်စီးအားကစား အသင်းက အားကစားသမားများ ငွေနှစ်ခု  ဆွတ်ခူးရရှိထားကြောင်း သိရသည်။         

အဆိုပါပြိုင်ပွဲတွင် မြန်မာမှ Junior Battle Slide U-15-Women နှင့် Junior Battle Slide U-17-men တို့ ၀င်ရောက်ပြိုင်ကြသည်။ ခြေစစ်ပွဲတွင် ကစားသမားသုံးဆယ်ဦးစီ ယှဉ်ပြိုင်ခဲ့ကြသည်။ ခြေစစ်ပွဲအောင်ခဲ့ပြီး ကွာတား၊ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

ဗိုလ်လုပွဲပြိုင်ပွဲ၌ အသက် ၁၅ နှစ် အောက်တွင် အင်ဒိုနီရှားက ပထမ၊ မြန်မာ က မပြည့်ပြည့်ဖြိုး(ခ)မွှေးမွှေးက ဒုတိယ၊ ထိုင်းက တတိယရရှိခဲ့ပြီး အသက် ၁၇ နှစ် အောက်၌ အင်ဒိုနီးရှားက ပထမ၊ မြန်မာ က မောင်ဇွဲပြည့်ထွန်းက ဒုတိယ၊ အင်ဒို နီးရှားက တတိယ အသီးသီးရရှိကြသည်။

အဆိုပါပြိုင်ပွဲသို့ မြန်မာနိုင်ငံစကိတ်စီး အားကစားအသင်း၊ နည်းပြချုပ် ဦးသက် ခိုင်ဦး၊ အားကစားသမားများဖြစ်ကြသော မောင်ဇွဲပြည့်ထွန်း၊ မောင်ထူးလင်းမြတ်နှင့် မပြည့်ပြည့်ဖြိုး(ခ) မွှေးမွှေးတို့ ၀င်ရောက် ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် အာဆီယံနိုင်ငံများအပြင် အိန္ဒိယ၊ တရုတ်တိုင်ပေ၊ ကိုရီးယားနှင့်ဂျပန် နိုင်ငံတို့က အားကစားသမားများ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။ 

အောင်မြင့်ဌေး(မြို့တော်သတင်း)







အခြားဆက်စပ်သတင်းများ