နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်ကလုန်းမုန်တိုင်း ဒုတိယအကြိမ် မိုဇမ်ဘစ်နိုင်ငံ ဝင်ရောက်

မာပူတို မတ် ၁၄

စံချိန်တင် ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီသည် မိုဇမ်ဘစ်နိုင်ငံအတွင်း မတ် ၁၂ ရက်က ဒုတိယအကြိမ် ဝင်ရောက် တိုက်ခတ်ခြင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ဆောင် မှုများ ပြတ်တောက်လျက်ရှိ ကြောင်း သိရသည်။

ပြင်သစ်မိုးလေဝသအေဂျင်စီကလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုများ ရှိနိုင်သလို မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့်လည်း မြေပြိုမှု များ ဖြစ်လာနိုင်ကြောင်း သတိပေး ထားသည်။

ဖရက်ဒီ ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် လကုန်ပိုင်းက မိုဇမ်ဘစ် နိုင်ငံကို ကနဦးဝင်တိုက်ခတ်ပြီး ယခုမူ ဒုတိယအကြိမ် တိုက်ခတ်ခြင်းဖြစ်ကာ ယခုသီတင်းပတ်အတွင်း အခြား ကုန်း တွင်းပိုင်းနေရာများကိုလည်း ဝင်ရောက် တိုက်ခတ်နိုင်သည့်အတွက် မိုဇမ်ဘစ် နှင့် မာလာဝီ နိုင်ငံတောင်ပိုင်းအပြင် ဇင်ဘာဘွေနှင့် ဂမ်ဘီယာနိုင်ငံများတွင် လည်း မိုးကြီးနိုင်ကြောင်း ခန့်မှန်း ထား သည်။ 

မိုဇမ်ဘစ်နိုင်ငံတွင်ယခုနှစ် အစော ပိုင်းက ရေလွှမ်းမိုးမှု ဒဏ်ခံခဲ့ရသည့် ဒေသများတွင် ဆည်မြောင်းများကို အတိုင်းအတာ တစ်ခု အထိသာ ထိန်း ချုပ်နိုင်ခြင်းကြောင့် မုန်တိုင်းပြီးပါက ပျက်စီးဆုံးရှုံးမှုများ ပိုများလာမည်ကို စိုးရိမ်လျက်ရှိသည်။           

(ref: BBC)






အခြားဆက်စပ်သတင်းများ