နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗီယက်နမ်တွင် သန်း ၁၀၀ မြောက် မွေးလာမည့် ကလေးကို အထိမ်းအမှတ် အခမ်းအနားဖြင့် ကြိုဆိုမည်

ဟနွိုင်း မတ် ၁၄

ဗီယက်နမ်နိုင်ငံသည် လာမည့် ဧပြီတွင် သန်းတစ်ရာမြောက် ဗီယက်နမ် နိုင်ငံသားအဖြစ် မွေးဖွား လာမည့် ကလေးငယ်ကို အထိမ်း အမှတ်ပွဲများနှင့် ကြိုဆိုရန် ကြိုတင် ပြင်ဆင်နေကြောင်း သိရသည်။

ဗီယက်နမ်သည် ၂၀၂၂ ခုနှစ် ဧပြီကစပြီး လူဦးရေ ၉၉ ဒသမ ၂ သန်းနှင့် ကမ္ဘာ့လူဦးရေ အထူ ထပ်ဆုံးနိုင်ငံများ စာရင်းတွင် အဆင့် ၁၅ နေရာ၌ ရှိနေကြောင်း အထွေထွေ စာရင်းအင်းရုံး (GSO) က ဖော်ပြ ထားသည်။ 

အရှေ့တောင်အာရှရှိ လူဦးရေ အထူထပ်ဆုံး နိုင်ငံတစ်ခုဖြစ်သည့် ဗီယက်နမ်တွင် ယခုနှစ် ဧပြီလလယ် ရောက်ပါက လူဦးရေ သန်း တစ်ရာ အထိ ရှိလာမည်ဖြစ်ပြီး အဆိုပါ လူဦးရေ အရေအတွက်ကို အစိုးရ ကိုယ်တိုင်က ဂုဏ်ပြုလိုခြင်း ဖြစ် ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် လူဦးရေ သန်း တစ်ရာ သို့မဟုတ် သန်းတစ်ရာ ထက်ကျော်သည့် နိုင်ငံသည် ၁၄ နိုင်ငံ ရှိပြီး နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ တိုးလာခြင်းသည် စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုများကို ပိုမိုမြင့်တက်လာစေ ခြင်းကြောင့်  ဗီယက်နမ်သည် လက်ရှိ တွင် စီးပွားရေး အရှိန်ကောင်း လာ ကာ နိုင်ငံအတွင်း စက်ရုံကြီးများ လာ ရောက် ဖွင့်လှစ်မှုရှိနေကြောင်း သိရ သည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ