နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘဏ်လုပ်ငန်း အကျပ်အတည်းများ အထူးဆောင်ရွက်မည်ဟု အမေရိကန်အစိုးရ ပြော

ဝါရှင်တန် မတ် ၁၄

 အမေရိကန်ရှိ Silicon Valley ဘဏ်နှင့် Signature ဘဏ်များ ပြိုလဲမှုဖြစ်ပွားပြီးနောက် နောက်ထပ် ဘဏ်လုပ်ငန်းဆိုင်ရာ အကျပ်အ တည်း များ မပေါ်ပေါက်စေရန် အမေရိကန် အစိုးရက အထူး ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါဘဏ်များတွင် အာမခံ ငွေသား အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ထက်ပိုပြီး အပ်ထားသူများ အပါအဝင် ငွေအပ်နှံသူများကို မတ် ၁၃ ရက်ကစ၍ ငွေပြန်လည် ထုတ်ယူ ခွင့်ပြုကြောင်း အမေရိကန် ငွေကြေး ဆိုင်ရာ အာဏာပိုင်အဖွဲ့များက ပြော သည်။ 

ကယ်လီဖိုးနီးယား အခြေစိုက် Silicon Valley ဘဏ်ကို ကယ်ဆယ်နိုင်ရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေ ရိကန် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိ သူများက ဘဏ်ကို ဝယ်ယူမည့်သူ ရှာဖွေ ခဲ့သော်လည်း မအောင်မြင်သည့် အတွက် နောက်ထပ် ဘဏ်ပြိုလဲမှုများ မဖြစ်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ Silicon Valley ဘဏ် သည် အမေရိကန်သမိုင်းတွင် ဒုတိယ အကြီးဆုံး ဘဏ်ပြိုလဲမှု ဖြစ်ပြီး ယင်း သို့ အကျပ်အတည်းများ ထပ်မံ မပေါ် ပေါက်ရန်  သမ္မတဘိုင်ဒန် အစိုးရက ကြားဝင် ဆောင်ရွက်နေချိန်မှာပင် အရှုံးပေါ်လုနီးပါးဖြစ်နေသည့် နယူး ယောက် အခြေစိုက် Signature ဘဏ် ကလည်း ပြိုလဲကြောင်း ကြေညာ လိုက်သည့်အတွက် တတိယ အကြီးဆုံးဘဏ်ပြိုလဲမှုဖြစ်လာကြောင်း သိရ သည်။

အမေရိကန်တွင် ဘဏ်ပြိုလဲမှု များကြောင့် မတ် ၁၃ ရက် စျေးကွက် အဖွင့်တွင် အာရှစတော့ရှယ်ယာ စျေးနှုန်း များ မတည်မငြိမ်ဖြစ်ခဲ့ကြောင်း သိရ သည်။                               

(ref: AFP)






အခြားဆက်စပ်သတင်းများ