နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံရှိ ဟွမ်မော်ပင်လယ်တံတားကြီး တည်ဆောက်မှု ၂၀၂၄ တွင် အပြီးသတ်မည်

ပေကျင်း မတ် ၁၄

 တရုတ်နိုင်ငံအတွင်း ပင်မ ပင်လယ်ဖြတ်ကျော်ရေး လမ်းကြောင်း တွင် တည်ဆောက်နေသော ဟွမ်မော် ပင်လယ်တံတားကြီးကို လာမည့် ၂၀၂၄ ခုနှစ်တွင် အပြီးသတ် ဆောက် လုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားလမ်းကြောင်း သည် ကျူးဟိုင်မြို့ ကောလန်ကောင် စီးပွားရေးဇုန်မှ စတင်ကာ အနောက် ဘက် ကျူးကျန်းမြစ်ဝ ဖြစ်သည့် ယားမင် ပင်လယ်ဝင်ပေါက်ရှိ ဟွမ်မော် ပင်လယ်ရပ်ဝန်းကို ဖြတ်ကျော် တည် ဆောက်ထားပြီး ထိုင်စန်းမြို့၌ အဆုံး သတ်ထားကြောင်း သိရသည်။

 လက်ရှိတွင် ဟွမ်မော်ပင်လယ် ဖြတ် ကျော်ရေးလမ်းကြောင်း ကောလန်ကောင် တံတားကြီး၏ အရှေ့ဘက် ပင်မ မျှော်စင်ကို တည်ဆောက်ပြီးစီးနေပြီ ဖြစ် ကာ အနောက်ဘက် ပင်မ မျှော်စင် နှင့် ဟွမ်မော်ပင်လယ် တံတားကြီး၏ အဓိက တာဝါတိုင်သုံးခုကိုလည်း တည်ဆောက် ပြီးစီးလုနီးပါးဖြစ်နေကြောင်း သိရသည်။

ထိုတံတား၏ အရှည်သည် ၃၁ ကီလိုမီတာရှိပြီး လက်ရှိတွင် တည် ဆောက်ပြီးစီးမှုများအပါအဝင် တံတား ကြီး ၏ ရုပ်ပုံကို ပီပြင်စွာ မြင်တွေ့ လာ ရပြီဖြစ်ကြောင်း သိရသည်။

(ref: China Daily)






အခြားဆက်စပ်သတင်းများ