နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်နှင့်ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၆/၂၀၂၃ ကျင်းပ

ရန်ကုန် မတ် ၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ကော်မတီ ဝင်များနှင့် ဌာနမှူးများလုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် ၆/၂၀၂၃ ကို  ယနေ့မွန်းလွဲ ၂ နာရီက မြို့တော်ခန်းမ ပထမ ထပ်ရှိ အစည်းအဝေးခန်းမ ၄ ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့တက် ရောက်သည်။

အစည်းဝေးတွင် မြို့တော်ဝန် က “၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ရည်မှန်းချက်လုပ်ငန်းများ 

အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို မြို့တော်ခန်းမတွင်သာမက တိုင်းဒေသကြီးအဆင့်နှင့် ခရိုင် များတွင်ပါ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် သဖြင့် သက်ဆိုင်ရာဌာနများမှ တာဝန်ယူ ဆောင်ရွက်မှု များကို လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက် ပေးကြရန်၊ ရန်ကုန်မြို့ပေါ်ရှိ လမ်းနှင့်စင်္ကြံများ၊ ရေပေးဝေ ရေး၊ ရေစီးရေလာ၊ သန့်ရှင်းရေး၊ စိမ်းလန်းစိုပြည်ရေးစသည့် စည်ပင်သာယာလုပ်ငန်းများနှင့်ပတ်သက်၍ အသေးအဖွဲမှ စပြီး ပျက်စီးမှုများရှိပါက ချက်ချင်းပြင်ဆင် ဆောင်ရွက်ကြ ရန်၊ သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနများညီညွှတ်စွာ ဖြင့် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ကြရန်” တိုက်တွန်း မှာကြားသည်။ 

ဆက်လက်၍ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြရာ မြို့တော်ဝန်က လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ