နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော် ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်း ရေးမှူး၊ ကော်မတီဝင်များ၊ ဌာန မှူးများနှင့် တာဝန်ရှိသူများလိုက် ပါလျက် ယနေ့နံနက်ပိုင်းက တာမွေမြို့နယ်၊ လေးထောင့်ကန် လမ်း သန့်ရှင်းသာယာသပ်ရပ် ရေး ဆောင်ရွက်နေမှု၊ ဒဂုံ မြို့သစ် (အရှေ့ပိုင်း) မြို့နယ် တပင်ရွှေထီးလမ်းနှင့် ဆရာတင် လမ်းများတစ်လျှောက် ရေစီး ရေလာကောင်းမွန်ရေး ဆောင် ရွက်နေမှု၊ တောင်ဥက္ကလာပ မြို့နယ်၊ ဝေဇယန္တာလမ်းကတ္တရာ ကွန်ကရစ် (AC) ခင်းကျင်းပြီးစီး မှု၊ လှိုင်မြို့နယ် သီရိမြိုင်ဘူတာ အနီး ပိတောက်ချောင်း ချောင်းကူး တံတား တည်ဆောက်နေမှုနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့တော် ခန်းမရှေ့တွင် မဟာသင်္ကြန် ရေသဘင်ပွဲတော် ဖျော်ဖြေရေး မဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့်  ဧည့်ခံရေးမဏ္ဍပ်များ တည် ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီ တွင် တာမွေမြို့နယ်၊ တာမွေ လေးရပ်ကွက်၊ လေးထောင့် ကန်လမ်းနှင့် ဝေဇယန္တာလမ်းဆုံ သို့သွားရောက်၍ ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနက  မြေပြုပြင်၍ မြက်စိုက်ပျိုးနေမှု၊ လေးထောင့်ကန်လမ်းတစ် လျှောက်                

အုတ်ရေမြောင်း ပြန်လည် တည်ဆောက်နေမှု၊ ရေမြောင်း အတွင်း အမှိုက်များ၊ နုန်းများ  ဆယ်ယူရှင်းလင်းနေမှု၊ လူသွား စင်္ကြံ ဖြူနီကြားကတ်တုံးများရှိ  ရေညှိ၊ ချေးများ တိုက်ချွတ် ဆေးကြောရေဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ်၊ ၁၀ ရပ်ကွက်၊ အနော်ရထာလမ်းနှင့် တပင် ရွှေထီးလမ်းဆုံသို့ သွားရောက် ၍ အင်ဂျင်နီယာဌာန (ရေစီး ရေလာစီမံခန့်ခွဲမှု)က တပင် ရွှေထီးလမ်းနှင့် အနော်ရထာ လမ်းများတစ်လျှောက်ရှိ ရေ မြောင်းများအတွင်း အမှိုက် များ၊ နုန်းများဆယ်ယူရှင်းလင်း နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အနော်ရထာလမ်းရှိလမ်းပေါ် ကျူးကျော်ခြံစည်းရိုးများ ရှင်း လင်းဖယ်ရှားရန်၊ ရေမြောင်း ဝန်းကျင် သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။ ထိုမှတစ်ဆင့် ၉ ရပ်ကွက်၊ တပင်ရွှေထီးလမ်း နှင့် ဆရာတင်လမ်းဆုံသို့ သွား ရောက်၍ ဆရာတင်လမ်း တစ်လျှောက် ရေစီးရေလာကောင်း မွန်စေရန် အမှိုက်များ၊ နုန်းများ  ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန် နှင့် အဖွဲ့သည် တောင်ဥက္ကလာပ မြို့နယ်၊ သစ္စာလမ်းနှင့် ဝေဇ ယန္တာလမ်းဆုံသို့ သွားရောက် ၍ အင်ဂျင်နီယာဌာန (လမ်းနှင့်  တံတား) က ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာခင်းကျင်း ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သင်္ဃန်းကျွန်း ခရိုင်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံး ဝင်/ ထွက်ပေါက်ရှေ့တွင် ဝေဇယန္တာ လမ်းနှင့်ဆက်စပ်၍ ကတ္တရာ ကွန်ကရစ်ခင်းကျင်းရန်၊ အုပ်မိုး ကိုင်းများခုတ်၍ အလင်းဖွင့်ရန်၊  အောက်တက်များ ရှင်းလင်းရန် မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော် ဝန်နှင့်အဖွဲ့သည် လှိုင်မြို့နယ် ဗဟိုလမ်း၊ သီရိမြိုင်ဘူတာအနီး အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)က ဆောင်ရွက်နေသည့် အကျယ် ၂၇ ပေ၊ အရှည် ၅၆ ပေရှိ ပိတောက်ချောင်း ချောင်း ကူးတံတား တည်ဆောက်နေ မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေး ကာ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း ရေး အထူးဂရုပြုရန်မှာကြား ပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ယင်းနောက် ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ မြို့တော်ခန်းမ ရှေ့တွင် မဟာသင်္ကြန်ရေသဘင် ပွဲတော်ဖျော်ဖြေရေး  မဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့်  ဧည့်ခံရေး မဏ္ဍပ်များ တည်ဆောက်နေမှု ကိုကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ် များကြံခိုင်ရေးနှင့် လုပ်ငန်း ခွင်အန္တရယ် ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ