နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ဗဟန်းမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေး မှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၃ ရက် မွန်းလွဲပိုင်းက မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၀ ဦးဖြင့် အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ အနောက်ရွှေဂုံတိုင်လမ်း ရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေး များ ဆယ်ယူရှင်းလင်းခြင်း၊ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေ များ၊ သဲခဲများလှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်နှင့် မြောင်းချေးများ အား ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ ရွှေဂုံရိပ်မွန်အိမ်ရာ၊ ဗဟန်း ၃ လမ်းတို့တွင် လမ်းဘေးဈေးသည်များအား စည်းကမ်းထိန်းသိမ်းရှင်းလင်းခြင်း၊ ရေတာရှည်လမ်းဟောင်း၊ နန္ဒဝန် လမ်းတို့တွင် ယာဉ်ရပ်နားရန် နေရာဦးပစ္စည်းများချထားခြင်းကို  ရှင်းလင်းဖယ်ရှားခြင်းတို့ကို    ဆောင်ရွက်ကြစဉ်။                                                                                                     

ယဉ်မွန်







အခြားဆက်စပ်သတင်းများ